Related Posts Plugin for WordPress, Blogger...

ဆလိုဗင့်စ် မြို့ပြင်မှာ ပစ်ချခံရအပြီး အဝေးမှ မြင်ကွင်း
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ သယ်ယူ ပို့ဆောင်ရေး စစ်ရဟတ်ယာဉ် တစ်စင်းဟာ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ချတာကို ခံခဲ့ရပြီး အစိုးရ စစ်ဗိုလ်ချုပ်ကြီး တစ်ဦး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးသွားပါတယ်။

ယူကရိန်း ယာယီ သမ္မတလည်းဖြစ် ပါလီမန် ဥက္ကဋ္ဌဌလည်း ဖြစ်တဲ့ အိုလက်ခ်ဇန်းဒါး တူချီနော့ဗ်က ပါလီမန်မှာ ကြေညာရာမှာ ယူကရိန်း နိုင်ငံကို ဆန့်ကျင်တဲ့ တကယ့် စစ်ပွဲကြီး နိုင်ငံ အရှေ့ပိုင်းမှာ စတင်နေကြောင်း၊ ဆလိုဗင့်စ် မြို့က လာတဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေဟာ ယူကရိန်း စစ်မှုထမ်းတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ကို ရုရှားလုပ် လက်နက်တွေ အသုံးပြုပြီး ပစ်ချလိုက်ကြောင်း ကြေညာသွားပါတယ်။

ဆလိုဗင့်စ်မြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမားတွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။
အဲဒီမှာ သေနတ်သမားတွေရဲ့ ထိန်းသိမ်းတာကို ခံထားရတဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က စောင့်ကြည့် လေ့လာသူ ၄ ဦး ပြန်လွတ်လာရေး အတွက်ကိုလည်း ဆွေးနွေး ပြောဆိုမှုတွေ စလုပ်နေပြီလို့ သိရပါတယ်။

ဆူပူ အုံကြွမှုတွေကို နာရီပိုင်း အတွင်းမှာတင် အပြတ် ချေမှုန်းပစ်မယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ခံ သမ္မတသစ် ပက်ထရို ပိုရိုရှန်ကို အတွက်တော့ ဒီဖြစ်ရပ်မျိုးတွေဟာ မလွဲမသွေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ ဆိုတာကို ပြသနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted by Unknown on 5/30/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ