Related Posts Plugin for WordPress, Blogger...



ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး စတင်လိုက်ပြန်သည်။
ဝတ်စုံအသီးသီးဖြင့် လူကြီးများ နေရာယူလိုက်ကြသည်။ ပြုံးဖီးဖီးကြီးဖြင့်ကင်မရာကြီးများရှေ့တွင် ဓါတ်ပုံအရိုက်ခံကြသည်။ ရယ်ရယ်မောမောဖြင့် ပြောကြဆိုကြ ဆွေးနွေးကြသည်။ ပွဲပြီးလျှင် ညစာစားပွဲတွေလုပ်ပြီး သောက်ကြစားကြ၊ ပျော်ကြပါးကြသေးသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးသော နောက်တနေ့တွင်ကား ထုံးစံအတိုင်း သေနတ်သံ တညံညံဖြင့် တိုက်ပွဲကြီးငယ်တို့ ပြန်လည် စတင်ကြလေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးချိန်သည် တိုက်ပွဲအတွက် ပြင်ဆင်ချိန်ယူသည်လားတော့ မသိ။တိုက်ပွဲဖြစ်ပြီးလျှင်တော့ အရင်ဦးအောင် သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်သည်။ သတင်းထုတ်ပြန်ချက်တွေကို ကြည့်လိုက်လျှင်တော့ ကိုယ့်ဘက်က အသာတွေချဉ်းဖြစ်သည်။
ထိုကြေညာချက်တွေကို ကြည့်လိုက်လျှင်တော့ တပ်မတော်တွင် စစ်တိုက်တတ်သူ မရှိဟုပင် ထင်စရာရှိ၏။
အကြောင်းမှာ တပ်မတော်ဘက်မှ စစ်သားရာချီကျဆုံးသည်ဟုသာ လက်နက်ကိုင်များက ထုတ်ပြန်တတ်သောကြောင့်ဖြစ်သည်။ စစ်တပ်ကို မေးလို့မရသဖြင့် ဟုတ်မဟုတ်မသိရ။

ခေတ်ကြီးက တိုးတတ်လာသဖြင့် တော်တော်ဆိုးသည်။ ၁၉၉၀ ပတ်ဝန်းကျင်ကလည်း မြန်မာပြည်အနှံ့တိုက်ပွဲကြီးဖြစ်သည်သာ။ ထိုတိုက်ပွဲတွေတုန်းက ဘယ်နိုင်ငံကမှ ဘာမှမပြော။ လွတ်လွတ်လပ်လပ်တိုက်ကြသည်။ ရှုံးသူ နောက်ဆုတ်။ ရှင်းရှင်းလေးဖြစ်သည်။ ဒီဘက်ခေတ် တိုက်ပွဲတွေကတော့ ဒီလိုမဟုတ်။ နိုင်ငံတကာက ကိုယ့်ပြောမှာလည်း ကြောက်ရသေးသည်။ အထောက်အပံ့တွေမရမှာလည်း ဆိုးရသည်။ တိုက်လျှင်လည်း ပေါ်ပေါ်တင်တင်မတိုက်ရဲတော့။ ဟိုဘက်က လာတိုက်လို့ ဒီဘက်က ပြန်တိုက်ရပါတယ် လို့ ပြောကြတော့သည်။

တပ်မတော်က စစ်သားတွေလည်း စိတ်ညစ်ကြသည်။ သမ္မတကြီး၏ အမိန့်ကြောင့်ဖြစ်သည်။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်သည်မှအပ ကိုယ်က စပြီး မပစ်ရဆိုသော အမိန့်ဖြစ်သည်။ ထိုအမိန့်က ကိုယ့်လူကိုယ်သတ်သည့် အမိန်ဖြစ်သည်ဟု စစ်သားတွေကပြောကြသည်။ ရန်သူနဲ့ နှစ်ယောက်ခြင်းတွေ့လျှင် ကိုယ့်ဘက်က ပစ်လို့မရ။ သူ့ဘက်က ပစ်မှ ပစ်လို့ရမည်ဆိုသဖြင့် သူ့ဘက်က အပစ်ကို စောင့်နေရသည်။ ကိုယ်က စပစ်လိုက်လျှင်လည်း အမိန့်မနာခံရာကျဦးမည်။ ရန်သူက ကိုယ့်ကို သေနတ်နှင့်ပစ်လိုက်တော့ ကိုယ်က ပြန်မပစ်နိုင်တော့။ သေနတ်ဒါဏ်ရာဆိုသည်မှာ ပရုပ်ဆီလိမ်းလို့ရသော ဒါဏ်ရာမဟုတ်။ ကျဉ်ဆံတတောင့်နှင့် သေနိုင်သည်မဟုတ်ပါလား။

ထိုသို့ တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ လက်နက်ကိုင် အဖွဲ့တိုင်းနှင့် မဟုတ်။ ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ သေနတ်နှင့် ပြန်ပစ်လိုက်က နှစ်ဖွဲ့သာရှိသည်။ အခြားအဖွဲ့တွေကတော့ ကားပါမစ်တွေ၊ လုပ်ပိုင်ခွင့်တွေနှင့် အဆင်ပြေနေသည်။ မြောက်ပိုင်းကနှစ်ဖွဲ့ကိုတော့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ပွဲစားတွေလည်း ဘယ်လိုလုပ်ပေးရမှန်းမသိတော့။ လက်နက်ကိုင်အဖွဲ့တွေကလည်း ဘာတွေလိုချင်လို့ ဘာကို တိုက်နေမှန်းမသိ။ ပွင့်ပွင့်လင်းလင်းမပြော။
ဆွေးနွေးပွဲတွင် တမျိုးပြော ကွယ်ရာတမျိုးပြော။
ကိုယ့်နယ်မြေကိုယ်အုပ်ချုပ်ချင်လို့ တိုက်သလား။ ဒါဆိုလည်း ရှင်းသည်။ ဒီမိုကရေစီစနစ်ဖြစ်၍ ရွေးကောက်ပွဲတွင် ၀င်ပြိုင်။ ကိုယ့်ကို လူထုထောက်ခံမှုရှိလို့နိုင်လျှင် ကိုယ်အုပ်ချုပ်ရမည်။ တိုင်းပြည်က ခွဲထွက်ချင်လို့လား။ ဒါဆိုလည်း ရှင်းပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘာတွေလုပ်နေမနေနှင့်တော့။ နိုင်အောင်တိုက်ကြပေတော့။ အခုတော့ သေနတ်နှင့် ပစ်လိုက်။ ပန်းနှင့် ပေါက်လိုက်နှင့်။

တိုက်ပွဲတွေကြောင့် ဒုက္ခ တကယ်ခံစားရသည်က ဒုက္ခသည်တွေဖြစ်သည်။ တိုက်ပွဲဖြစ်လျှင် ဘယ်ပြေးလို့ ပြေးရမှန်းမသိ။ လက်နက်ကိုင်တွေနှင့် လူမျိုးမတူသည့် ဒုက္ခတွေဆိုလျှင် ပိုဆိုးသည်။ လက်နက်ကိုင်တွေနှင့် လူမျိုးတူသည့် ဒုက္ခသည်စခန်းက လူတွေကတော့ အေးဆေးပင်။ ယောင်္ကျားတွေက လက်နက်ကိုင်သည်။ မိန်းမတွေနှင့် ကလေးတွေက ဒုက္ခသည်စခန်းမှာနေသည်။ ဒုက္ခသည် စခန်းတွေကို လာလှူသည့် ပစ္စည်းတွေကို လက်နက်ကိုင်ယောင်္ကျားတွေကိုပင် ထောက်ပံ့လိုက်သေးသည်။ လက်နက်ကိုင်တိုက်ပွဲတွေနှင့် ပတ်သက်လို့ကတော့ နိုင်ငံရေးပါတီတွေကလည်း ဘာမှမပြော။ ပြောလို့လည်း မရ။ ဘာမှမထူး။ ဟိုးအရင်တနှစ်က ၈၈အဖွဲ့တွေ ကချင်ပြည်နယ်သွားပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းဖူးသည်။ ဘာမှမထူး။ ပစ်မြဲသာ။

စိုပြေကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ခွေးနှစ်ကောင်ကိုက်သည့် ကိစ္စနှင့်သာ တင်စားခြင်သည်။
ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ ခွေးနှစ်ကောင် ရန်ဖြစ်နေတော့ စိုပြေက သွားကာ ဖြန်ဖြေဖူးသည်။ ရေနှင့် ပက်၍ဖြန်ဖြေခြင်းဖြစ်သည်။သို့သော်မရ။ ခဏနေလျှင် ပြန်ကိုက်သည်သာ။ ပြန်ကိုက်တော့ ရေနှင့် ပြန်ပက်သည်။ ခဏနားကြပြန်သည်။
ပြီးလျှင် ပြန်ကိုက်ပြန်သည်။ နောက်ထပ် ရေထပ်ပက်မလို့လုပ်တော့ ဆရာတော်က ခေါင်းခေါက်သည်။ ဘာဖြစ်လို့ ခေါက်မှန်းမသိ။ ပြီးမှ ဆရာတော်က“ဒီနှစ်ကောင်က ဗိုလ်လုနေတာ။ သွားခွဲနေရင် ရန်ဖြစ်လို့ ဆုံးမှာမဟုတ်တော့ဘူး။ ကိုက်တာသာကြည့်နေ။ တစ်ကောင်ကောင်နိုင်သွားရင် ပွဲပြီးရော” ဟု ဆိုလေသည်။

စိုပြေ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ