Related Posts Plugin for WordPress, Blogger...


လူသန်းပေါင်းများစွာ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ သမီး ခင်ရွှန်းလဲ့ဝေ အကြောင်း နှင့် အသက် ၄၃ နှစ် မတိုင်မှီ မြန်မာနိုင်ငံကို မေ့ကာ နိုင်ငံခြားမှာ မိသားစုနှင့် နေထိုင်ပျော်ပါးနေသည့်အကြောင်းများကို မမေးရန်အတွက် အယ်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပုဂ္ဂိုလ်ရေး အကြောင်းများကို မေးမြန်းခြင်း မပြုကြရန် မီဒီယာများ ကို သတိပေးလိုက်ပါတယ်။

လန်ဒန်မှ သားမြေးများထံ ၅ ရက်ခရီးအပါအဝင် ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ၎င်း က ဆိုပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။

၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားခဲ့ပါတယ်။

ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြားပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးစကားကတော့ "ပွင့်လင်း မြင်သာရမယ်" ဆိုတဲ့ စကားဖြစ်ပြီး အနှစ် ၂၀ လုံးလုံး အစိုးရကို ပွင့်လင်းဖို့နဲ့ လုပ်ဆောင်မှုများကို ပွင့်လင်းမြင်သာ စွာ ချပြဖို့ ဝေဖန်နေခဲ့သူဖြစ်ပါတယ်။

မေးခွန်းအချို့ကို ပါးစပ်ပိတ်ကာ မဖြေကြားမှု၊ မမေးရန် သတိပေးမှုနဲ့ အပြောနဲ့အလုပ် မညီမျှ မှုတို့ကြောင့် သတင်းစာရှင်းလင်းပွဲအပြီးမှာ
သတင်းထောက် အများအပြားက ကျေနပ်မှုမရှိကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ