Related Posts Plugin for WordPress, Blogger...


***********************************************
သူသူထက်လွင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

photo credit - http://www.remotelands.com/

ရန်ကုန်၊ ၁၇ ရာစုတွင် ပျောက်ကွယ်ခဲ့သော ရခိုင်နန်း တော်ပုံစံအား ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ရခိုင်တိုင်းရင်းသား သမိုင်းသုတေသီများမှ သမိုင်းအ ထောက်အထားများ ရှာဖွေနေပြီး နယ်သာလန်ပြတိုက် မှ အထောက်အထားအချို့ ရရှိထားပြီဟု သိရသည်။

အဆိုပါ မြောက်ဦးနန်းတော်ပုံစံအား မှတ်တမ်း တင်မှု အားနည်းသဖြင့် နန်းတော်ဒီဇိုင်းရေးဆွဲရန်နှင့် အတည်ပြုရန် သုံးလေးနှစ်ခန့် ကြာဦးမည်ဖြစ်သည်။
''ရခိုင်နန်းတော်ပုံစံကို နယ်သာလန်ပြတိုက်မှာ ဒတ်ခ်ျနိုင်ငံသား ဒေါက်တာချောက်တန်ရေးဆွဲခဲ့တဲ့ ပန်း ချီဓာတ်ပုံတွေ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ ဓာတ်ပုံ၊ ပန်းချီတွေ မတွေ့ရဘူး။ ရခိုင်မှာလဲ မတွေ့ရဘူး။ မှတ် တမ်းတင်တာ အားနည်းကြတယ်။ အဲဒီတုန်းက ရခိုင် ပြည်နယ်ကို ပေါ်တူဂီ၊ ဒတ်ခ်ျ စတဲ့အနောက်နိုင်ငံသား တွေက ကုန်ကူးရင်း ရခိုင်မြောက်ဦးနန်းတော်ပုံကို ရေး ဆွဲခဲ့ကြတယ်။ သူတို့ဆီက အထောက်အထားတွေရပေ မယ့် ရခိုင်နန်းတော်ဒီဇိုင်းက အတည်ပြုဖို့ သုံးလေးနှစ် လောက်ကြာဦးမယ်''ဟု ရခိုင်နန်းတော် တည်ဆောက် ရေးအတွက် အကြံပေး သမိုင်းသုတေသီရခိုင်စာရေးဆရာ ဦးအေးသိန်းက ပြောသည်။

ရခိုင်နန်းတော်ပုံစံကို အနောက်တိုင်းသားတစ်ဦး ဖြစ်သည့် King Suriyar က ၁၇၈၃ ခုနှစ်တွင် ရေးဆွဲ ခဲ့ပြီး ဒတ်ခ်ျနိုင်ငံသားဒေါက်တာချောက်တန် ရေးဆွဲထား သော နန်းတော်ပုံစံနဲ့ တူညီနေကြောင်းသိရသည်။
''အဲဒီတုန်းက ပေါ်တူဂီလူမျိုးတွေ သူတို့ဘက်ခြမ်း က ရခိုင်နန်းတော်ကို မြင်ရတဲ့ပုံကို ရေးထားတာပါ။ အခုတွေ့ထားတဲ့ ပန်းချီကားနှစ်ကားစလုံးမှာပါတဲ့ ရခိုင် နန်းတော်ပုံစံက အတူတူပဲဖြစ်နေတယ်။ ဒါကြောင့်မို့ ရခိုင်နန်းတော်က အဲဒီအချိန်က အဲလိုပုံစံမျိုး ရှိနိုင်ပါ တယ်။ ရခိုင်နန်းတော်က ခမ်းနားတယ်။ ပြာသာဒ်အ ဆင့်ဆင့်တွေနဲ့ ဆောက်လုပ်ထားတယ်။ ထပ်ပြီးတော့ သမိုင်းပုံတွေ၊ အထောက်အထားတွေ စုဆောင်းနေပါ တယ်။ ရခိုင် မြောက်ဦးပြတိုက်ကိုနန်းတော်ပုံစံဆောက် နိုင်ဖို့ လွှတ်တော်မှာတော့ တင်ထားတယ်။ အခုထိတော့ ဘာမှမသိရသေးပါဘူး''ဟု ယင်းမှဆက်ပြောသည်။

ရခိုင်မြို့ဟောင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ''မြောက် ဦးက သမိုင်းအစဉ်အလာအားဖြင့် မင်းနေပြည်တော် ဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့ဆိုရင် သမိုင်းအထောက်အထားရှိမှု ထည်ထည်ဝါဝါရှိတဲ့ နေရာ တွေကို ရွေးချယ်ပြီးတင်ဖို့ရှိပါတယ်''ဟု သုံးသပ်သည်။
ရခိုင်မြောက်ဦးခေတ်သည် အေဒီ ၁၄၃ဝ ပြည့်နှစ် (အေဒီ ၁၄ ရာစု) မှ အေဒီ ၁၇၈၄ (အေဒီ ၁၇ ရာစုထိ) ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါရခိုင်နန်းတော်ကို ၁၄၃ဝ ပြည့်နှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က မြောက်ဦးတွင် နန်းတည်ခဲ့ရန် နန်းတော်တည်ဆောက်ခဲ့ပြီး ဘုရင်မင်း ပါကြီးမှ မြောက်ဦးနန်းတော်ကို ပြုပြင်ခဲ့ကြောင်းသိရသည်။

ယင်းရခိုင် မြောက်ဦးနန်းတော်သည် ရခိုင်ဘုရင် သမ္မတမင်းလက်ထက် ၁၇၈၄ ခုနှစ်တွင် မြန်မာဘုရင် ဘိုးတော်ဘုရားနှင့်စစ်ထိုးခဲ့ပြီး ရခိုင်ဘုရင် စစ်ရှုံးသော ကြောင့် နန်းတော် မီးလောင်သွားခဲ့ခြင်း ဖြစ်သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ