Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မဇ္ဈိမ။                  ။ ထိုင်းစစ်တပ်အာဏာသိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ လုံခြုံရေး အခြေအနေများအရ မြန်မာ-ထိုင်းနယ်စပ်ဂိတ် အားလုံးကို မေလ ၂၂ရက် နံနက် ညနေခြေက်နာရီတွင် ပိတ်ဆို့လိုက်ပြီးနောက် ၂၃ ရက်နံနက် သုံးနာရီ၌ မြ၀တီနယ်စပ်ဂိတ်ကို ကုန်သွယ်မှုပိတ်ဆို့လိုက်ပြီး ၂၃ရက်နံနက်၇နာရီခွဲတွင် ပြန်လည် ဖွင့်ပေးလိုက်ပြီဟု မြ၀တီနယ်စပ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက မေလ ၂၃ ရက်တွင် မဇ္ဈိမကိုပြောသည်။
"မြ၀တီ နယ်စပ်ဂိတ်ကို မနက်သုံးနာရီမှာပိတ်လိုက်တယ်၊ မနက် ၇နာရီခွဲမှာ လုပ်ငန်းတွေပြန်လည်ပတ်နေပါပြီ၊ ခဏပဲပိတ်လိုက်တာဆိုတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဘာထိခိုက်မှုမှမရှိပါဘူး ” ဟု အဆိုပါတာဝန်ရှိသူ ကပြောသည်။
အဆိုပါ မြန်မာ -ထိုင်းနယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံ၏ လုံခြုံရေးအခြေအနေများအရ ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ လိုက်ခြင်းဖြစ်သည်။
မြ၀တီနယ်စပ်ဂိတ်တွင် ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို  တစ်ရက်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ တစ်သန်းခန့် ကုန်သွယ်မှုပြုလျှက်ရှိပြီး ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စများကို ကုန်သွယ်မှုပြုလုပ်လျှက်ရှိကြောင်း မြ၀တီနယ်စပ်ဂိတ်မှ သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ