Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁ ဇွန်လ ၂၀၁၄)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား ယမန်နေ့ (မေလ ၃၁ ရက်နေ့) နံနက်က မြန်မာဘက်က လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။
still-tensed-border
သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။
still-tensed-border
လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။
BGB_Naikkhangchari
သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ