Related Posts Plugin for WordPress, Blogger...

From : .. Eleven

အရပ်ဘက်လွတ်လပ်ခွင့်များကို ပြင်းထန်စွာဖြိုခွင်းမှုဖြစ်သည့် စစ်အာဏာသိမ်းမှုဟု နိုင်ငံတကာက ထိုင်းစစ်တပ်ကို ပြစ်တင်ဝေဖန်မှု မြင့်တက်နေချိန်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသော ခေါင်းဆောင်များကို ထိုင်းစစ်တပ်က မေ ၂၃ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဖြုတ်ချခံအစိုးရခေါင်းဆောင်များ အပါအဝင် ထင်ရှားသော ပုဂ္ဂိုလ် ၁၅၅ ဦးကို စစ်တပ်၏ ခွင့်ပြုချက်မရဘဲ နိုင်ငံမှ ထွက်ခွာခွင့်ကို တားမြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။ နိုင်ငံမှ ထွက်ခွာခွင့် တားမြစ်ခံရသူများတွင် ဝန်ကြီးချုပ်ဟောင်း ယင်လက်၊ ယင်လက်နေရာကို ဆက်ခံသည့် ကြားဖြတ်ဝန်ကြီးချုပ် နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန်တို့ ပါဝင်ခဲ့သည်။

အာဏာသိမ်းခဲ့သော ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးချန်အိုချာသည် ကိုယ့် ကိုယ်ကိုယ်ကြားဖြတ် အစိုးရဝန်ကြီးချုပ် အဖြစ် ကြေညာခဲ့သည်။

ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုကို အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂတို့က ရှုတ်ချခဲ့ပြီး အရပ်ဘက်အုပ်ချုပ်မှုကို ပြန်လည်တည်ဆောက်ရန် တောင်းဆိုခဲ့သည်။ အရှေ့အာရှ၏ အိမ်နီးချင်းနိုင်ငံများကလည်း ထိုင်းနိုင်ငံသို့ ခရီးမသွားရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဖြုတ်ချခံရသော ခေါင်းဆောင်များကို ထိုင်းစစ်တပ်က ဆင့်ခေါ်

ရာထူးမှ ဖယ်ရှားခံခဲ့ရသော အစိုးရမှအဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီမှ ခေါင်းဆောင်များကို ဘန်ကောက်မြို့လယ်ရှိ ထိုင်းစစ်တပ်ထံ မေ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် သတင်းလာပို့ရန် စစ်တပ်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော လဆန်းပိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးက အငြင်းပွားဖွယ် ရာထူးမှဖယ်ရှားခဲ့သော ဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ် အပါအဝင် သဘောထားကွဲလွဲနေသော ပြိုင်ဘက်နိုင်ငံရေးအဖွဲ့များမှ ခေါင်းဆောင်များ နှင့် အဖွဲ့ဝင် ၁ဝဝ ကျော်ကိုလည်း သတင်းလာပို့ရန် စစ်တပ်က ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ယင်လက်သည် စစ်တပ်၏ ဆင့်ခေါ်မှုခံခဲ့ရပြီးနောက် ကိုယ်ပိုင်ကျည်ကာယာဉ်ဖြင့် ဘန်ကောက်ရှိ စစ်ဌာနချုပ်သို့ မေ ၂၃ ရက်က လာရောက်ခဲ့ကြောင်း သိရသည်။

မေ ၂၃ ရက်တွင် နိုင်ငံတစ်ဝန်း၌ ကျောင်းများကို ယာယီပိတ်ထားရန် ညွှန်ကြားထားပြီး ဘန်ကောက်ရှိ လမ်းများမှာ ပုံမှန်အချိန်များထက် တိတ်ဆိတ်နေခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ရှစ်နှစ်ခန့်က ပြုလုပ်ခဲ့သော အာဏာသိမ်းမှုနှင့်မတူဘဲ ယခုအာဏာသိမ်းမှုတွင် မြို့တော် ဘန်ကောက်တစ်ဝိုက်၌ တပ်စွဲထားသော တင့်ကားများ သို့မဟုတ် စစ်သားအများအပြားကို မတွေ့ရှိခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းမှု ဖြစ်ပွားခဲ့သောနေ့တွင် စစ်တပ်ကဦးဆောင်ပြုလုပ်သည့် ပဋိပက္ခပြေလည်ရေး ဆွေးနွေးပွဲသို့ ပြိုင်ဘက်နိုင်ငံရေးအဖွဲ့များ တက်ရောက်နေချိန်၌ စစ်ကားများက ဝင်ပေါက်အားလုံးကို ပိတ်ဆို့လိုက်ကြောင်း သိရသည်။

နိုင်ငံခြားရုပ်သံလုပ်ငန်းများအပါအဝင် ရုပ်သံနှင့် အသံလွှင့်ဌာနအားလုံးကို စစ်တပ်၏ ကြေညာချက်များကိုသာ ဆက်တိုက်ထုတ်လွှင့်ရန် ညွှန်ကြားထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူမှုကွန်ရက်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း စစ်ဘက်က သတိပေးခဲ့သည်။

၂ဝဝ၆ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချခဲ့သော စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းအတွင်း၌ ပိတ်မိနေခဲ့သည်။ ၂ဝဝ၆ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်သည် အာဏာကို တစ်နှစ်ကျော် ထိန်းချုပ်ခဲ့သည်။ ထိုနောက်ပိုင်းမှစပြီး သက်ဆင်မိသားစု ကျောထောက်နောက်ခံရှိသော အုပ်စုနှင့် စစ်တပ်နှင့် နီးနီးကပ်ကပ်ဆက်နွှယ်မှုရှိသော ဘန်ကောက်အခြေစိုက် တော်ဝင်ထောက်ခံသူအုပ်စုတို့အကြား အာဏာ လွန်ဆွဲနေခဲ့သည်။


 .. www.MyanmarExpress.net

Posted by Unknown on 5/23/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ