Related Posts Plugin for WordPress, Blogger...

အမေရိကန် ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအပြီးတွင် အစွန်းရောက်အကြမ်းဖက်မှု ပြဿနာသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အာရုံစိုက်ခြင်း ခံလာရသည့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့သည့် ကုန်သွယ်ရေးစင်တာ အကြမ်းဖက်မှုအပြီး အမေရိကန်နိုင်ငံက ဦးဆောင်ကာ အကြမ်းဖက်မှု ဆန့်ကျင်ရေးကွန်ရက်များ၊ ဥပဒေများ အလျင်အမြန်ပြုလုပ်ကာ အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲများလည်း ဆင်နွှဲခဲ့သည်။ အနောက်နိုင်ငံများက အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖြစ် နည်းပညာ၊ ငွေကြေး၊ စစ်အင်အား နည်းလမ်းမျိုးစုံ အသုံးပြုနှိမ်နင်း နေခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်သည် လျော့ပါးသွားခြင်းမရှိဘဲ အရှိန်မြင့်တက်လာလျက်သာ ရှိနေခဲ့သည်။ တာလီဘန်များ အဓိကအခြေစိုက်သည့် အာဖဂန်ကို အမေရိကန်တိုက်ပြီး နောက်ပိုင်းတွင် ပုရွက်ဆိတ်အုံတုတ်ဖြင့် ထိုးလိုက်သကဲ့သို့ တစ်ကမ္ဘာလုံးအနှံ့ အကြမ်းဖက်ကွန်ရက် အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။

အဆိုပါအစွန်းရောက် အကြမ်းဖက်မှုစစ်ပွဲ၏ ပျံ့နှံ့မှုမှာ စည်းဘောင်များမရှိချေ။ ကမ္ဘာ့အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းအထိ မည်သည့်နိုင်ငံမှ အကြမ်းဖက်မှုအန္တရာယ်မှ လွတ်ကင်းခွင့်မရနိုင်ပေ။ အီရတ်၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာကဲ့သို့ နိုင်ငံရေးအရ မတည်ငြိမ်သည့် နိုင်ငံများတွင် နေ့စဉ်နှင့်အမျှ အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်ပွားနေသလို နိုင်ငံရေးအရတည်ငြိမ်ပြီး လုံခြုံရေးအားကောင်းသည့် အနောက်နိုင်ငံများတွင်လည်း ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ ဥပမာအားဖြင့် လုံခြုံရေးစည်း အကောင်းဆုံးလို့ ယူဆထားသည့် အမေရိကန်နိုင်ငံတွင် ဘော်စတွန်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗြိတိန်နိုင်ငံတွင်လည်း လူမြင်ကွင်းတွင် စစ်သားတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်စစ်ပွဲ အရှိန်မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံသည်လည်း အစွန်းရောက် အကြမ်းဖက်မှုများ အန္တရာယ်အတွက် သတိပြုရမည်ဖြစ်သည်။ ခိုးဝင်ဘင်္ဂါလီပြဿနာကို အကြောင်းပြပြီး လက်စားချေတုံ့ပြန် မှုများပြုလုပ်ရန်၊ ဂျီဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲရန် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များက လိုက်လံဆော်သြမှုများ ရှိနေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော အကြမ်းဖက်အဖွဲ့များမှ မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်တိုက်ခိုက်မှုများ ရှိနေသည်ကို မြင်တွေ့နိုင်ပါလိမ့်မည်။

မေ ၁၇ ရက်တွင် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများက ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးခဲ့ရသည်။ ၎င်းမတိုင်မီကလည်း နယ်စပ်ဖြတ်ကျော်လာသော RSO အကြမ်းဖက်အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ RSO အကြမ်းဖက်အဖွဲ့သည် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း ဆောင်ရွက်နေသည့် တပ်မတော်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွှဲရန် ကြေညာထားသည့် အစ္စလာမ္မစ်အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

လက်ရှိအခြေအနေများအရ အကြမ်းဖက် ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မပေါ့ဆသင့်သည့် အခြေအနေဖြစ်သည်။ အထူးသဖြင့် အစွန်းရောက်အဖွဲ့များ၏ ၀င်ပေါက်ဖြစ်နိုင်သော ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်များကိုလည်း အလေးထားသင့်ပါသည်။ ထို့ကြောင့် အစွန်းရောက် အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်လာမှုကို ရင်ဆိုင်နေရသည့် နယ်ခြားစောင့်တပ်ဖွဲ့များအား တောင့်တင်းသော လက်နက်များ တပ်ဆင်ပေးခြင်း၊ အင်အားဖြည့်တင်း ပေးခြင်းတို့ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့များအရေး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

( ၂၀၁၄ မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ