Related Posts Plugin for WordPress, Blogger...



သွားလေသူ အစိုးရကတော့ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးခဲ့ပြီး စည်တော်ယွန်းကာ နိုင်ငံရေးစင်မြင့်ပေါ်ကနေ ကကွက်လှလှပပနဲ့ ဆင်းသွားခဲ့တဲ့နောက်မှာ !!

သမ္မတကြီး နိုင်ငံတစ်ကာကို ခရီးစဉ်တွေ အကြိမ်ပေါင်းများစွာ ထွက် တယ်။
 နိုင်ငံအသီးသီးက အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ အကူညီတွေတောင်းပြီး ယူဆောင်လာခဲ့တယ်။ တိုင်းပြည်မှာ တင်ရှိနေတဲ့ ကြွေးမြီပြသနာတွေ သူ့ကြောင့် အများကြီး ပြေလျှော့လာခဲ့တယ်။ လူသူတော်ကြီးပေါ့ .......။

ဒေါ်စုကြည်အဲဒီအချိန်မှာ တစ်နိုင်ငံလုံးက သူ့ကို ယုံကြည်မှု ရှိခဲ့သေးတယ်။ 
အခုလို မဟုတ်သေးဘူး ။ သူလုပ်သင့်တာက တိုင်းပြည်အနှံ့  ခရီးထွက်ပြီး ဒီမိုကရေစီ နိုင်ငံကြီးသားတွေ ဖြစ်လာဘို့ ပြည်သူတွေကို အပြုသဘောဆောင်တဲ့ ပညာပေး ဟောပြောမှုတွေ စည်းကမ်းပိုင်းဆိုင်ရာ အသိညာဏ်တွေ မြင့်တင်ပေးခဲ့သင့်တယ်။ ဒါပေမဲ့ သူ့မှာ သွားတော့ သွားပါရဲ့ ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲရင်းနဲ့ တန်ဘိုးကြီးပြီး ပြန်မရနိုင်တော့တဲ့ အချိန်တွေ ကုန်သွားခဲ့တယ် ။ လူတော်ဖြစ်မလာဘဲ လူရှော်ဖြစ်သွားတာဘဲ အဖတ်တင်ခဲ့ရတယ်။

မိုးသီးဇွန်ပြည်ပမှာ နေထိုင်ပြီး အဆက်သွယ်ကောင်းတွေ ရှိပေမဲ့ အဲဒီ အဆက်သွယ်တွေကို 
တိုင်းပြည်တိုးတက်ရေး အတွက် ဘာမှ အသုံးမချဘဲ မီလောင်ရာလေပင့်ဘို့ ပြည်တော်ပြန်လာခဲ့တယ်။ လူရှော်တကာ့ လူရှော်ပေါ့ ။

ဦးဝင်းတင် အခုတော့ မရှိရှာတော့ပါဘူး ။ သူအဓိက လုပ်ခဲ့သင့်တာ
ဒီမိုကရေစီကို သွားနေတဲ့ လမ်းကြောင်းမှာ ထင်ရာစိုင်းပြီး အထိန်းကွပ်မဲ့နေတဲ့ မီဒီယာတွေကို Professional ဖြစ်သွားအောင် သင်ကြား ဆုံးမ ပဲ့ပြင် မြင့်တင်ပြီး ပြည်သူတွေကို ဒီမိုကရေစီ နိုင်ငံကြီးသားတွေဖြစ်လာအောင် တိုင်းပြည်အတွက် အဖိုးတန် စတုတ္ထမဏ္ဍိုန်တစ်ခု တည်ထောင်ပေးခဲ့ရင် သခင်ကိုယ်တော်မှိုင်းကြီးနဲ့ အုတ်ဂူတောင် ကပ်လျက်
ဖြစ်နိုင်တယ်။ခုတော့လူရှော်ဘဝနဲ့ ဇာတ်သိမ်းမလှခဲ့ဘူး။

၈၈ ကျောင်းသားအိုတွေ

လူငယ်ကျောင်းသားတွေ လုပ်ငန်းခွင်က လူလတ်ပိုင်းတွေကို အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်း   ဖြစ်အောင် ပြုစု ပျိုးထောင် ဟောပြော လုပ်ဆောင်သင့်တယ်။ သမ္မတကြီး ၊ ဒေါ်စု၊ တို့ရဲ့ လိုအပ်လာတဲ့ အခန်းကဏ္ဍတွေကို ဖြည့်ဆည်းပေးဘို့Super Sub တွေ ဖြစ်လာဘို့ ကြိုးစားခဲ့သင့်တယ်။
ဒါပေမဲ့ အခုအချိန်အထိ ကလေးသူငယ် ကျောင်းသားတွေကို လမ်းပေါ်တင်ဘို့ မိုက်မိုက်မဲမဲ ကြိုးစားနေဆဲဘဲ ။ အရှော်ဆုံး မောင်တွေပေါ့ ။

From: ကုလားအုပ်

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ