Related Posts Plugin for WordPress, Blogger...

မုံရွာ မေ ၃၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊ ချောင်းဦး ရွာမတွင် မေလ(၃၁)ရက်နေ့ ညနေ(၀၂း၄၅) နာရီတွင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့် နေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်များဖြင့် သွားရောက်ပြီး မီးငြှိမ်း သတ်မှုကြောင့် ညနေ(၀၃း၄၅)နာရီအချိန်တွင် မီးညွန့် ကျိုးသွား ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ချောင်းဦးမြို့၊ အနောက်ရပ်ကွက်နေ ဒေါ်ခင်သင်းဦး(ဘ) ဦးပေါစ အသက်(၄၇)နှစ်မှ နေအိမ်တွင် ထမင်းအိုး တည်ရာမှာ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၅၇)လုံး၊ စပါးကျီ(၈)လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု(၄၅)စုမှ ကျား(၇၂)ဦး၊ မ(၈၈)ဦး ပေါင်း(၁၆၀)ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သွားရောက်ပြီး လိုအပ်သည်မှားကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

မီးဘေးသင့်သူများအတွက် ချောင်းဦးမြို့၊ မဟာအောင်မြေသာဇံ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ကာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ