Related Posts Plugin for WordPress, Blogger...

လာဘ်စားမှုဖြင့် ဖမ်းဆီးခံထားရသော
တရုတ်ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီ
ဝင်ဟောင်းလည်းဖြစ်၊ လုံခြုံရေးဆိုင်ရာ
အကြီးအကဲဟောင်းလည်း ဖြစ်သော ကျိုးယန်
ကန်နှင့် ဆက်စပ်နေသော တရုတ်သူဌေးကြီး


တစ်ဦးဖြစ်သူ လျူဟန်ကို သေဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တရုတ်သတ္တုတွင်း လုပ်ငန်းပိုင်ရှင် သူဌေးကြီးတစ်ဦး ဖြစ်သော လျူဟန်နှင့် ၎င်း၏ ညီအစ်ကိုတော်သူ လျူဝေကို မာဖီးယားပုံစံ အုပ်စုလိုက် ပြစ်မှုကျူးလွန်ခြင်း၊ လူသတ်ခြင်းများနှင့် ဆက်စပ်နေသည်ကို ဟူးပေတရားရုံးက တွေ့ရှိရကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်သူဌေးကြီး လျူဟန်ကို ယခုကဲ့သို့ သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် တရုတ်လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယန်ကန် အပေါ် လာဘ်စားမှုဖြင့် ဖြိုခွင်းခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဟူးပေတရားရုံးက အမိန့်ချမှတ်ရာတွင် တရုတ်သူဌေးကြီး လျူဟန်နှင့် ၎င်းတို့အဖွဲ့သည် အုပ်စုဖွဲ့ပုံစံဖြင့် တရားမဝင် နည်းလမ်းများ သုံး၍ ငွေကြေး ရယူမှုများ ရှိကြောင်း ပြောကြားခဲ့သည်။

ယခု သေဒဏ် ချမှတ်ခံလိုက်ရသော လျူဟန်သည် Sichuan Hanlong Group သတ္တုတွင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ်က Forbes မဂ္ဂဇင်းက သတ်မှတ်သော တရုတ်အချမ်းသာဆုံး လူများစာရင်းတွင် အဆင့် ၁၄၈ တွင် ဖော်ပြခံခဲ့ရသူ ဖြစ်သည်။

တရုတ်အစိုးရ သတင်းမီဒီယာတွင် ယခင်က ဖော်ပြချက်အရ စီချွမ်အခြေစိုက် ရာဇဝတ်ဂိုဏ်းသည် ယခု သေဒဏ် ချမှတ်ခံလိုက်ရသော သူဌေးကြီး လျူဟန်ကို စီချွမ်ပြည်နယ် နိုင်ငံရေးအကြံပေး အဖွဲ့ဝင်ဖြစ်စေရန် အရေးပါသော အခန်းကဏ္ဍက ပါဝင်ကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရသစ် လက်ထက်တွင် လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် တရုတ်ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီဝင်ဟောင်းဖြစ်သူ ကျိုးယန်ကန်ကို လာဘ်စားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းနှင့် ပတ်သက်နေသူများကိုလည်း ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ စုံစမ်း စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။

တရုတ်တွင် သြဇာကြီးသော ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီဝင်လည်းဖြစ်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဟောင်းလည်း ဖြစ်သူ ကျိုးယန်ကန်သည် ယခင်က စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဟောင်းလည်း ဖြစ်သည်။

ယခုနှစ် ဧပြီလက စီချွမ်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးဟောင်း ကျိုယန်ရှန်းကို လည်ကောင်း၊ စီချွမ်ပြည်နယ်ပါတီ ဒု-ဥက္ကဋ္ဌဟောင်းကို လည်းကောင်း လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ