Related Posts Plugin for WordPress, Blogger...

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်
သာ လမ်းဆုံအနီးတွင် လွန်ခဲ့သော နှစ်လကျော်
ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုနှင့်
 ပတ်သက်၍ သက်သေ ၁၁ ဦးကို သင်္ဃန်း
ကျွန်းမြို့နယ်၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင်


စစ်ဆေးလျက် ရှိပြီး ဆက်လက်စစ်ဆေးရန် သက်သေ လေးဦးသာ
ကျန်ရှိကြောင်း အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဘက် (၄) မှ ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ပြောကြားသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးတွင် သက်သေ ၁၅ ဦးကို ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ အပတ်စဉ် ရုံးချိန်း ခုနစ်ချိန်းအထိ ခေါ်ယူစစ်ဆေးခဲ့ရာမှ မတ်လ ၂၂ ရက်နေ့ထိ လူသတ်မှု ကျူးလွန်သည်ဟု တိုင်ကြားခံရသူ၏ ဦးလေးတော်စပ်သူ၊ အစ်ကိုဝမ်းကွဲ ဖြစ်သူနှင့် သေဆုံးသူ ကိုမင်းမင်းဦး (ခ) အကြီးကောင်၏ ယောက္ခမဖြစ်သူ ဒေါ်နီနီ အပါအဝင် သက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားသူကြီး အပါအဝင် ကျန်လေးဦးကို ဆက်လက်ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တရားခံဘက်က ပိုက်ဆံမတတ်နိုင်လို့ ရှေ့နေ့မငှားနိုင်ဘူး။ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားရမ်းထားပါတယ်။ ပုဒ်မ ၃၀၂ အရ ရဲတင်ပြထားတဲ့ သက်သေတွေကို ရုံးတော်က စစ်ဆေးနေဆဲပါ” ဟု ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ရှင်းပြသည်။

မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်က ယင်းလူသတ်မှုနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့က မေတ္တာရိပ်သာလမ်း၌ နေထိုင်သော တရားလိုပြသက်သေ အမျိုးသမီးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် သက်သေနှစ်ဦးက ခေါင်းဖြတ်မသတ်မီ ထိုးကြိတ် ရိုက်နှက်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ရုံးတော်၌ ထွက်ဆိုခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ခေါင်းဖြတ် လူသတ်မှုနှင့် ပတ်သက်၍ ရပ်ကွက်နေ ပြည်သူများက မတ်လ ၂၈ ရက်နေ့က တရားဥပဒေစိုးမိုးရေးနှင့် အဆိုပါ လူသတ်မှုကို ရှုတ်ချသည်ဟု ဆိုကာ လူဦးရေ ၇၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

သေဆုံးခဲ့သော ကိုမင်းမင်းဦး (ခ) အကြီးကောင်မှာ ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် လူငယ်မေတ္တာလမ်းတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်သူ ဖြစ်ကြောင်း၊ မတော်တဆ ပခုံးချင်း တိုက်မိရာမှ ခေါင်းဖြတ် အသတ်ခံခဲ့ရကြောင်း၊ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ပုဒ်မ ၃၀၂ ဖြင့် တင်ထားသော စွဲချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်း (ခ) မုန်းခက်က ပြောဆိုသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ