Related Posts Plugin for WordPress, Blogger...


နာဂစ်ဖွဲ့စည်းပုံဥပဒေဟုခေါ်တွင် နေကြသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်နှစ်ရပ်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွေမှာပါ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ကြသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းစီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှာ သုံးပုံ တစ်ပုံနေရာယူထားခြင်းဖြစ်ပါသည်။ အမှန်စင်စစ် ပြည်သူက မဲပေးပြီး ရွေးချယ်ထားခံရသူများ မဟုတ်ကြပေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း ဆန္ဒနှင့် လွှတ်တော်တွေထဲ ရောက်ရှိနေရာယူထားခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးဖြစ်စဉ်အရ ပြည်ထောင်စုအဆင့်လွှတ်တော် များဖြစ်သည့် အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်များ တွင်  တပ်မတော်သားကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းရှိနေချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်တွေမှာပါ သုံးပုံတစ်ပုံပါဝင် နေခြင်းသည် တပ်မတော်ပါဝင် ရမည့်အခန်းကဏ္ဍထက် ပိုမိုနေ ရာဝင်ခြင်းပင်ဖြစ်သည်။

တပ်မတော်၏အဓိကတာ ဝန်သည် နိုင်ငံတော်ကာကွယ် ရေး၊ လုံခြုံရေးဖြစ်သည်။ နိုင်ငံ အတွက် လုံခြုံရေး၊ ကာကွယ်ရေး တာဝန်များကို တပ်မတော်က ထမ်းဆောင်နေခြင်းသည် ကျိုး ကြောင်း ဆီလျော်သော်လည်း တာဝန်မရှိသည့်နေရာများတွင် တာဝန်ယူနေခြင်းသည် အပိုသက် သက်ဖြစ်နေပြီး အဘက်ဘက်က နစ်နာလှသည်။ အရည်အချင်းရှိ သည့်တပ်မတော်သားများအဖို့ မသက်ဆိုင်သည့်ထိုင်ခုံများတွင် ထိုင်နေရသည့်အတွက်တပ်မတော် အဖို့ရော ပြည်သူတွေအတွက်ပါ လူအင်အားတွေ၊ အချိန်တွေ၊ ငွေ တွေ အဟောသိကံဖြစ်ရသည်။ ရဲတပ်ဖွဲ့သည် ပြည်သူတွေကို ဒုစရိုက်ဘေးမှ ကာကွယ်စောင့် ရှောက်ရသည်။ မီးသတ်တပ်ဖွဲ့ သည် မီးငြှိမ်းသတ်ရသည်။ ထို့ အတူ တပ်မတော်သည် နိုင်ငံ တော်လုံခြုံရေးအတွက်ကာကွယ် စောင့်ရှောက်ရသည်။ အဓိကတာ ဝန်များကိုပျက်ကွက်ပြီးမနေသင့် သည့်နေရာ၊ မယူသင့်သည့်တာ ဝန်များကို ဇွတ်အတင်းယူပါက ပြုပြင်ပြောင်းလဲရေးသည်နှောင့် နှေးဖွယ်ရာသာ ရှိပေတော့မည် ဖြစ်သည်။ ပြည်သူတို့၏စစ်မှန် သောသဘောထားကား စစ်ရေး အမြင်ပြည့်ဝပြီး အရည်အချင်းရှိ သည့် တပ်မတော်သားများကို အရည်အချင်းနှင့်ထိုက်တန်သည့် နေရာ၊မှန်ကန်သည့်တာဝန်များ ကို ထမ်းဆောင်စေလိုကြသည်။ တပ်မတော်သားတွေအနေဖြင့် နိုင်ငံရေးမှာပါဝင်ဆောင်ရွက်လို ပါ ကတပ်ကထွက်၊ ယူနီဖောင်း ချွတ်ရမည်ဖြစ်ပါသည်။ တပ်က လည်းမထွက်၊ အမျိုးသားနိုင်ငံ ရေးမှာလည်းပါဝင်နေဦးမည်ဆို ရင်ဖြင့် အနာဂတ်မြန်မာနိုင်ငံ အရေးသည် ရင်မောစရာဖြစ်နေ ပေဦးမည်ဖြစ်သည်။ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များ ထဲတွင် ပြည်သူများက မဲပြားများ ဖြင့် ရွေးချယ်ပေးလိုက်သည့် ခေါင်းပေါင်းစတလူလူကြားတွင်စမတ်ကျလှသည့် စစ်ယူနီဖောင်း များနှင့် ပင်မထမ်းဆောင်ကြ ရမည့်တာဝန်ပျက်ကွက်ပြီး အချိန်ကုန်ခံ ငုတ်တုတ်လာမထိုင်စေချင်သည်မှာလည်း ပြည်သူအများ၏ စစ်မှန်သောဆန္ဒပင်ဖြစ်သည်။

လက်ရှိအစိုးရသက်တမ်း တွင် လွှတ်တော်တွေရှိလာသည် မှာ လပေါင်း ၄၀ နီးပါးရှိလာပါ ပြီ။ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အချို့၏ လပေါင်း ၄၀ နီးပါးအတွင်း တပ်မတော်သား ကိုယ်စားလှယ်များလုပ်ရည်ကိုင် ရည်ကို ဆန်းစစ်ကြည့်ပါသည်။ လွှတ်တော်အတွင်း မေးခွန်းများ မေး၊ မမေး၊ အဆိုများတင်၊ မတင်၊အရပ်သားလွှတ်တော်ကိုယ်စား လှယ်များနှင့် အပြန်အလှန်ဆွေး နွေးခြင်းရှိ၊ မရှိလေ့လာခြင်းဖြစ်ပါ သည်။ ၂၅ ရာခိုင်နှုန်းသော တပ် မတော်သားကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းစွမ်းဆောင်ရည် ကိုမေးခွန်းထုတ်ကြည့်သည်။ လွှတ်တော်များတွင် တပ်မတော် သား ကိုယ်စားလှယ်အများစု သည် မေးခွန်းမေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းမရှိသလောက်နည်း သည်ဟု အဖြေထွက်ရှိသည်။ မန္တ လေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးတို့ရှိ လွှတ်တော်ကိုယ်စား လှယ်အချို့က လပေါင်း ၄၀ နီးပါးအတွင်း လွှတ်တော်တွင်းအတွေ့ အကြုံတွေကို ဖြေကြားကြခြင်း ဖြစ်ပါသည်။

‘‘တပ်မတော်သားကိုယ်စား လှယ်တွေက မေးခွန်းမေးတာ တော့မရှိသလောက်ပဲဗျ’’ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက လည်း‘‘မေးခွန်းကတော့ တော် တော်နည်းတယ်။ အဆိုတင်တာ တော့မတွေ့ရသေးဘူး’’ဟုမှတ် ချက်ပေးသည်။ ထိုသို့ဆိုလျှင် ပြည်သူလူထုက မဲပေးရွေးချယ် ပေးထားသည့် အရပ်သားကိုယ် စားလှယ်များအကြား တပ်မတော် သားကိုယ်စားလှယ်များက အဘယ်သို့ကြောင့် အချိန်ကုန်ခံပြီး လာထိုင်နေကြသနည်းဟု မေးခွန်းထုတ်စရာရှိလာသည်။

အဖြေကတော့ရှင်းပါသည်။ တပ်မတော်သည် မြန်မာနိုင်ငံရေး စင်မြင့်အပါအဝင် နေရာတော် တော်များများမှာပါဝင်နေသည်။ ပါဝင်ထားရသည်ဟူသည့်သတင်း စကားပေးချင်သည့်သဘောပင်ဖြစ်ပါသည်။ ဒေသန္တရအဆင့်ဖြစ် သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တွေ၌ တပ်မတော်ကနေရာယူ ထားခြင်းသည် ပြည်သူအတွက် လည်းအကျိုးမရှိ၊ တပ်မတော် အတွက်လည်း အကျိုးမရှိချေ။ နှစ်ဖက်စလုံး ဆုံးရှုံးမှုတွေရှိနေ သည်။ Loose, Loose situation ဖြစ်နေသည်။ Win, win situation အခြေအနေပြောင်းလဲရပေ ည်။

ထိုသို့ ပြောင်းလဲရန်ကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းကလွဲပြီး အခြားနည်း လမ်းမရှိပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ခြင်းအတွက် ပြည်ထောင်စုအဆင့်လွှတ်တော် များ၌ အဓိကတာဝန်ရှိသည်။ လက်ရှိမြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်ခုမှစပြီး စစ်အုပ်ချုပ်ရေးစနစ် ကနေ ဒီမိုကရေစီစနစ်ကိုပြောင်း လဲကျင့်သုံးနေပြီဟုဆိုကြသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးနေသည် ဟုဆိုသောမြန်မာနိုင်ငံတွင် နိုင်ငံ ၏အဓိက လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သည့်  တပ်မတော် သည် အရပ်သားများကြားတွင် မလိုအပ်ဘဲနေရာလုယူမနေသင့် တော့ပေ။

တပ်မတော်အတွက်ထိုက် တန်သည့်နေရာရှိပြီးဖြစ်သည်။ ထိုထိုက်တန်သည့်နေရာကိုသာ ပြန်ရဖို့ကြိုးစားရန်သာလိုသည်။ တပ်မတော်ကိုလည်း ထိုထိုက် တန်သည့်နေရာကိုပြန်ပေးရန် လည်းပြည်သူများကဆန္ဒရှိနေကြ ပါသည်။ ဒေသန္တရလွှတ်တော်များ တွင် တပ်မတော်ကိုယ်စားလှယ် များပါဝင်မှုမရှိစေခြင်းသည် အမျိုးသားနိုင်ငံရေးမှတပ်မတော်ကို ဖယ်ထုတ်ခြင်းမဟုတ်ပေ။ အဓိကထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကို ထိထိမိမိထမ်းဆောင်နိုင် ရေးသာဖြစ်သည်ကိုလည်း တပ် မတော်ကအထူးသဘောပေါက် နားလည်ရန်လိုအပ်ပါသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်မတော်၏ လွှတ်တော်တွင်းပါဝင်နေရာယူ ထားမှုအပါအဝင် ပြင်ဆင်ပြောင်း လဲစရာများစွာရှိနေသည်။ မြန်မာ နိုင်ငံ၏ အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင်ပြင်ရအခက်ဆုံးဥပဒေ တစ်ခုဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပအခြေခံဥပဒေလေ့လာ စောင့်ကြည့်သူများက မှတ်ချက် ပေးထားကြသည်။ မြန်မာ့ရေးရာ ကျွမ်းကျင်သူဆွီဒင်လူမျိုး သတင်း စာဆရာ ဘာတေးလ်လင့်တနာ က မြန်မာနိုင်ငံဒီမိုကရေစီဖော် ဆောင်ရေးအတွက် ပြင်ဆင်ရ ခက်သောလက်ရှိအခြေခံဥပဒေ ကို ပြင်ဆင်မှရမည်ဟုလည်းဖြေ ကြားထားသည်။ လာမည့် ၂၀၁၅ တွင် အစိုးရသစ်တစ်ရပ်ပြောင်း လဲရန် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။ လက်ရှိအချိန်နှင့်တွက်ချက်လျှင် တစ်နှစ်ကျော်သာကျန် ရှိတော့သည်။ ၂၀၁၅ မတိုင်မီ လက်ကျန်အချိန်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်နိုင်ပါမည်လားဆိုသည်ကို စိုးရိမ်မှုတွေရှိနေကြသည်။

မည်သို့ပင် ပြင်ဆင်ရန်ခက် ခဲသောဥပဒေဖြစ်စေကာမူ အနှီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် လူတို့ဖန်တီးထားသည့်လူ လုပ်ဥပဒေတစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းက လူများ ဖန်တီးထားသည့်ဥပဒေတစ်ရပ် သည် မြန်မာနိုင်ငံအတွင်းမှာနေ ထိုင်သည့် ပြည်သူလူထုလက်မခံ လျှင်၊ အကျိုးမပြုလျှင်၊ အသုံး မတည့်လျှင် ဒီမိုကရေစီစံနှုန်းဟု တွင်တွင်ခေါ်နေပြီး ဒီမိုကရေစီစံ နှုန်းမပြည့်လျှင် ပြင်ဆင်ရမည် သာဖြစ်သည်။ ပြင်ဆင်ရန်လည်း တာဝန်ရှိသည်။

ထိုသို့ပြင်ဆင်ရန်ပျက်ကွက် ပါက ထိုပျက်ကွက်သူတို့၏ တာဝန်သာဖြစ်သည်။ သမိုင်းက မှတ်ကျောက်တင်လိမ့်မည်ဖြစ်သည်။

Author: စန်းယုကျော်
7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ