Related Posts Plugin for WordPress, Blogger...


ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ကို မဲပေးရမယ် ၊
ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးမိရင် ကုလားနိုင်ငံဖြစ်သွားမယ် ၊
ကုလားပါတီဖြစ်သွားမယ် ၊
ကုလားလွှတ်တော်ဖြစ်သွားမယ် ၊

ဒီလို ဗုဒ္ဓဘာသာသည်းခြေကြိုက် စကားလုံးတွေ ၊ ဖက်ခွက်စား စကားလုံးတွေကို မသုံးစမ်းပါနဲ့ ကွာ ၊
ဒါနိုင်ငံရေးကို ဘုန်းကြီးတွေဖြစ်ပြီးတော့ ဘုရားသားတော်တွေဖြစ်ပြီးတော့ နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ ၊
အဲ့ဒါမျိုးကျ ငါကြည့်မရဘူး ၊ နားထဲလည်း မ၀င်ဘူးကွ ။

ဒါမျိုးမလုပ်ပါနဲ့ 

ငါတို့ ထိန်းကျောင်းရမှာ ဘုရားနည်းအတိုင်း ထိန်းကျောင်းရမှာ ။
နောင်တက်လာမယ့်အစိုးရ ၂၀၁၅ ဘယ်သူနိုင်နိုင် ၊ ဘယ်သူတက်တက် တက်တဲ့အစိုးရ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောက်ပြမယ် ၊ ဒါ ငါတို့ လုပ်သင့်တယ် ၊
 
မြတ်စွာဘုရားလည်း လုပ်ခဲ့တယ်နော် ။
ဇေတ၀န်ကျောင်းအနီး တိတ္ထိတက္ကတွန်းတွေကို ကောသလမင်းကြီးက လာဒ်တစ်သိန်းစားပြီးတော့ ဇေတ၀န်ကျောင်းနဲ့ အနီးဆုံးမှာ မြေကွက်တွေ ပေးပစ်တာ ၊
အဲ့ဒီလိုပေးပြီး ဆူညံပွက်လောရိုက်တဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ရှင်အာနန္ဒာတို့ ကို ကောသလမင်းကြီးဆီ စေလွှတ်တယ် ၊ လွှတ်တဲ့အခါ ဟိုကတွေ့ ခွင့်မပေးဘူး ၊

သူမဟုတ်တာ လုပ်ထားပြီလေ ၊ မဟုတ်တာ လုပ်ထားတာကို မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံကြီးတွေ လွှတ်ပြီးပြောခိုင်းတယ် ၊ မင်း မဟုတ်တာ မလုပ်ပါနဲ့ ၊ မင်း ဘာသာရေးကို ရောထွေးယှက်တင် မလုပ်ပါနဲ့ ။ ပြောလည်းပြောပြီး ရော မရတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွသွားတာ ၊

ကိုယ်တိုင်ကြွပြီး ဟောတော့မှ ကောသလမင်းကြီး အဲ့ဒီတိတ္ထိတက်ကတွန်းတွေကို မြတ်စွာဘုရားရဲ့ ဇေတ၀န်ကျောင်းတော်နဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ။ ဒါ ဘာလည်းဆိုတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးမချပါနဲ့ ၊ အဲ့ဒါဆို ဘုရားကိုယ်တိုင် မနေဘူး ။

ဒါ အပွင့်လင်းဆုံးပြောတာ ၊
ငါနဲ့ ဘယ်ဘုန်းကြီးဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ် ၊
ငါဥာဏ်ရည်မမှီလို့ ဆွေးနွေးနိုင်တဲ့ ဥာဏ်ရည်မရှိဘူးဆို ထိုင်ဦးချပြီး အရှုံးပေးသွားမယ် ၊
မဟုတ်က ဟုတ်ကတော့ လာမလုပ်စမ်းနဲ့ ။

(messenger
ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း မှ ကောက်နုတ်ဖေါ်ပြပါသည်)
င်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့  - See more at: http://www.dawnmanhon.com/2014/05/blog-post_20.html#sthash.i4BditPJ.dpuf

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ