Related Posts Plugin for WordPress, Blogger...

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ
့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာ
ရီခန့်က မြစ်ကြီးနားဘက်မှ ရွှေဘို ဘက်သို့
ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်
လာသော တိုယိုတာလင်ခရုဇာ


အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အမှုမှာ မေ(၁၉)ရက်က ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့ အထူးဒုစရိုက် နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်အောင်ထွန်း၊ ဒုရဲအုပ် အောင်လင်းနှင့်အဖွဲ့၊ စံပါယ်နံ့ သာရဲကင်းမှူးနှင့်အဖွဲ့၊ စစ်မက်ရေးရာ လုံခြုံရေအဖွဲ့မှ တပ်ကြပ် စိုးဋ္ဌေး၊ စံပါယ်နံ့သာကျေးရွာ အုပ်ချုပ် ရေးမှူး၊ တောအုပ် စိုးဝင်းနိုင်တို့နှင့်အဖွဲ့သည် ပူးပေါင်း၍ သက်သေများနှင့်အတူ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း မိုင်တိုင်အမှတ် (၄၇/၀) စံပါယ်နံ့သာ မောင်းတံဂိတ်၌ တရားမဝင် သယ်ဆောင်လာသည့် သစ် မျှောများနှင့် မသင်္ကာဖွယ်ရာ ယာဉ်များအား စစ်ဆေးရှာဖွေလျှက်ရှိစဉ် မေ (၂၀)ရက် နံနက် (၅)နာရီက မြစ်ကြီး နားမှ ရွှေဘိုဘက်သို့ ယာဉ်မောင် ဦးရှောက်မျှင် (၄၅)နှစ်၊ မောင်းနှင်လာသည်။

ယာဉ်ပေါ်တွင် ဦးခွန်တာမွန် (၅၄)နှစ်၊ ဦးအောင်သန်း (၄၆)နှစ်၊ ဦးမောင်ဆန်း (၄၂)နှစ် တို့ စီးနှင်း လိုက်ပါ လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောက်ယာဉ်အမှတ် ၄ဂ/၆၀၉၉ အားစစ်ဆေးရာ အဝါရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံး၊ အကြီးအသေးရောရာ အလေးချိန် (၄၂)ပိဿာခန့် တွေ့ရှိ သိမ်းဆည်း ရမိသည်။

ကန့်ဘလူရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ် အနောက်ခန်းအတွင်းမှ ကျောက်စိမ်း အရိုင်းတုံး (၁)ထုပ်၊ အလေးချိန် (၆၀)ကျပ်သားခန့် ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိသည်။ ဦးရှောက်မျှင် အပါအဝင် (၄)ဦးတို့အား ကန့်ဘလူရဲစခန်း (ပ)အမှတ် ၁၄၀/၂၀၁၄ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၂(က) အရ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MOIWebportalMyanmar

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ