Related Posts Plugin for WordPress, Blogger...



ခရိုနီတွေ ဘာလို့ ဘဏ်ထောင်ကြသလဲ သိလားလို့ မေးရင် သူတို့ နောက်က အဘအဘ တွေရဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်ပေးရလို့ . . .
သူတို့ကိုယ်တိုင်ရဲ့ ငွေမည်းတွေကိုလည်း ငွေဖြူ ဖြစ်အောင်လုပ်နေရလို့ . . .

ိပိုက်ဆံမှာ မဲတာ ဖြူတာ ရှိသလား . . ရှိတာပေါ . . ကောင်းရောင်းကောင်းဝယ်နဲ့ ရတဲ့ အမြတ်ငွေကို အခွန်ဆောင်ပြီးရင် အဲဒါ ငွေဖြူ . . သန့်စင်တယ် . .
နေ့ခင်းဘက်တော့ မခုတ်တတ်တဲ့ကြောင်လိုနေ . . ညဘက် ဓါးပြထွက်တိုက်ပြီးရတဲ့ ငွေကျတော့ . . ဘယ်ကရလာတယ် မပြောရဲ . . အခွန်လဲမဆောင်ရဲ့ . . အဲဒါငွေမဲ . . မသန့်စင်ဘူး . .
အဲဒီတော့ ငွေမဲကို ဘယ်လိုဖြူအောင်လုပ်မလဲ . .
အရိုးဆုံး နည်းကိုပြောမယ် . . အောင်ဘာလေ ထီ ဌာနကိုသွားမယ် သိန်းတစ်ရာ ဆု အတွက် တစ်ရာ့ငါးသိန်းပေးရင် ရတယ် . . ငါးသိန်းရင်းလိုက်တာနဲ့ ကိုယ့်လက်ထဲက ဓါးပြတိုက်ထားတဲ့ ငွေတွေထဲက သိန်းတစ်ရာဟာ ထီပေါက်တဲ့ငွေအဖြစ် ခေါင်းစဉ်တပ်ပြီး
ပေါ်ပေါ်ထင်ထင် သုံးလို့ရပြီ ပေါ့ . . ငွေဖြူဖြစ်သွားပြီပေါ့ . . . နားရှင်းသွားကြပြီထင်ပါတယ် . . .
အောင်ဘာလေဌာနက ထီပေါက်တဲ့သူတွေ စာရင်း ကို ကြေငြာရဲဘူး . . ၁၉၈၈ က နေ ၂၀၁၂ အထိ ထီပေါက်ထားတဲ့ လူစာရင်းတွေကို တရားဝင်ကြေငြာပေးဖို့ အောင်ဘာလေကို သွားပြောကြည့်ကြပါလား . . အဲဒီတော့မှ လူတစ်ယောက်ထဲ နာမည်နဲ့ လတိုင်း
သိန်းရာနဲ့ချီပြီး ထီပေါက်နေသူတွေ ပေါ်လာကြမှာပေါ့ . . အဲဒီနည်းနဲ့ ဓါးပြတွေ ဖော်လို့ရပြီ . .
အခြေခံနည်းလေးတွေကို ပြောတာနော် . . .
အဲ ငွေမဲတွေက သိပ်ကိုများလွန်းနေရင်တော့ . . ပုံမှန်နည်းတွေ သုံးလို့ အဆင်မပြေတော့ဘူးပေါ့ . . ဒီတော့ ဘဏ်ထောင်လိုက်တယ် . . အာမခံလုပ်ငန်းထောင်တယ် . .
ဘဏ်ကို လူတွေ အများကြီးကငွေလာသွင်းတယ်ပေါ့ . . အဲဒါဆို ဘဏ်ထဲကငွေတွေက ဖြူသွားပြီလေ . .နောက်ပြီး အဲဒီ လူအများကြီးတွေကနေ . . ဟိုစာရင်း ဒီစားရင် ပတ်ခြာလည် လှည့်ပို့လိုက်ကြတာ . . နောက်ယောင်ခံလိုက်တဲ့သူတွေ မျက်စိလည်အောင်ကို ပို့လိုက်ပြီးမှ အဲဒီငွေတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ နောက်ဆုံး တစ်ယောက်ဆီ ရောက်သွားတယ် . . အဲဒီအခါကျတော့ ဘဏ်ပိုက်ဆံဆိုပြီး ငွေဖြူဖြစ်သွားပြီ . .
အခုပဲကြည့် ကားပြပွဲတွေလုပ်ပြီး ဘဏ်ချေးငွေတွေ ထုတ်ပေးပြီး ကား ဝယ်ရောင်းလုပ်နေကြတယ်လေ . . ဘဏ်ကငွေမဲတွေက ချေးငွေ အဖြစ်နဲ့ အပြင်ထွက်သွားကြတယ် . . ပြန်ဆပ်တဲ့ ငွေ အဖြစ်နဲ့ ငွေပြန်ဝင်လာရင် . . အဲဒါငွေဖြူဖြစ်ပြီလေ . . .
နောက်တစ်နည်းက အာမခံလုပ်ငန်းတွေ . . အာမှမရှိတဲ့ ဂိုဒေါင်အဟောင်းကြီးကို သစ်တွေသိမ်းသလို . . စပါးတွေ ပဲတွေ အခြားတန်ဖိုးရှိတဲ့အရာတွေသိမ်းသလို လုပ်ပြ . . ပြီးတော့မှ ဂိုဒေါင်အလွတ်ကြီးကို မီးရှို့ . . အလျှော်ပေးတဲ့ ပုံစံ နဲ့ အာမခံလုပ်ငန်းက ပိုက်ဆံပြယူ . . အဲဒီကျတော့ အလျှော်ရတဲ့ ပိုက်ဆံတွေ ဆိုပြီး ငွေဖြူဖြစ်သွားပြီ . .
နောက်ဆုံးတစ်နည်းကတော့ အများပိုင်ကုမ္ပဏီထောင်လိုက်တာပါပဲ . . လူအများကြီးကို နာမည်ခံခိုင်းပြီး . . ကိုယ့်ငွေတွေက ရှယ်ယာသေးသေးလေးတွေ အဖြစ်နဲ့ ကုမ္ပဏီထဲပြန်ဝင်လာ . . ပြိးတော့ ရောင်းကြ ဝယ်ကြ . . အလုပ်တွေလုပ်ကြ . . စာရင်းတွေပြ .
. အမှန်တော့ ဘာမှလုပ်တာမဟုတ် . . နှစ်ကုန်တော့ ငွေမဲတွေကို အမြတ်ငွေအဖြစ်နဲ့ဖော်ပြ . . အခွန်လေး ဘာလေး ဆောင် ပြီးရင် ငွေဖြူဖြစ်သွားရောပဲ . . .
ဒီလိုနည်းနဲ့ ခရိုနီတွေဟာ ဦးသိန်းစိန် သက်တမ်း ၂၀၁၅ မတိုင်မှီ ငွေမည်းများကို ငွေဖြူအမြန်လုပ်နေကြပါကြောင်း သတင်းရရှိပါသည် ဗျား
Credit: Hawdeka Khalaylay

Posted by Unknown on 5/30/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ