Related Posts Plugin for WordPress, Blogger...



မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံး ဆောက်လုပ်သည့် ပြည်သူ့ဟစ်တိုင်ကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦးကားလမ်း မကြီး ပေါ်ရှိ မိခင်ကလေးစောင့်ရှောက်ရေး ရုံး အနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။

“၀န်ကြီးချုပ်က ပြည်သူများကို လွတ်လပ်စွာ ပြော ဆိုရင်၊ ပြည်သူတွေခံစားချက်တွေ ပွင့်လင်းစွာပြောဆိုနိုင်ဖို့အတွက် ဟစ်တိုင်ကို တည်ဆောက် ပေးထားတာပါ၊ ဧရာဝတီတိုင်း တခုလုံးအတွက် လုပ်ပေးထားတာပါ၊ ဟစ်တိုင်မှာ ပြောချင်တာကို လာပြောလို့ရပါတယ်၊ လူထုနစ်နာမှုတွေ ပိုသိတော့၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပိုထိရောက် တာပေါ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပေးသင့်တာကို လုပ်ပေးတာလည်းပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအေးကျော်က ပြောသည်။
ဟစ်တိုင်တွင် လာရောက်ပြောဆိုမည့် သူများသည် ငြိမ်းချမ်းစွာ စည်းတန်လှည့်လည်ခွင့် ဥပဒေအတိုင်း မြို့ နယ်အုပ်ချုပ်ရေးရုံးတွင် စာတင်ကာ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဟစ်တိုင်တွင် လာရောက်ပြောဆိုမှုတွင် အများကို ထိခိုက်စေသည့် အပြောအဆို၊ စော်ကားရာရောက်သည့် ပြောဆိုမှုများ မရှိရန်နှင့် ဟစ်တိုင်တွင် လာရောက်ပြောဆိုသူများ၏ လုံခြုံရေးအတွက် ရဲလုံခြုံရေးပါ ချထားပေးမည်ဟု ဆိုသည်။
“ဟစ်တိုင် ထားပေးတာ ဒီမိုကရေစီစနစ်အတွက်တော့ ကောင်းတယ်၊ လူထုက ဟစ်တိုင်မှာလာပြောပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့  နားထောင်တာထက် ပိုလုပ်ပေးရင်တော့ ကောင်းတဲ့ လုပ်ရပ်တခုဖြစ်တယ်၊ အခုလို လုပ်ပေးတာကိုတော့ ကြိုဆိုပါတယ်”ဟု ပုသိမ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းက ဦးစိုးလှိုင်ဦးက မဇ္ဈိမသို့ ပြောသည်။
ဟစ်တိုင်ကို ၁၂ပေပတ်လည်၊ ၅ပေ အမြင့် တည်ဆောက်ထားပြီး၊ ဟစ်တိုင်နေရာတွင် လာရောက် နားထောင်သူ ၅၀၀ခန့်အထိ ဆန့်မည်ဟု သိရသည်။ ၁၉၆၂ခုနှစ်၊ ဝန်ကြီးချုပ် ဦးနုလက်ထက်အထိ ပြည်သူ့ဟစ်တိုင်များ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်း မထားရှိတော့ခြင်းဖြစ်သည်။
ပုံစာ- ဧရာဝတီတိုင်းတွင် ပထမဆုံးထားရှိမည့် ပြည်သူ့ဟစ်တိုင် နေရာနှင့် ခြံဝန်းအား မေလ ၂၇ရက်က တွေ့ရစဉ်။ ပြည်သူ့ဟစ်တိုင်များကို ဝန်ကြီးချုပ် ဦးနုလက်ထက်၊ ၁၉၆၂ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ယခုဆောက်လုပ်မည့် ဟစ်တိုင်မှာ ပထမဆုံးဖြစ်သည်။
မဇ္ဈိမ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ