Related Posts Plugin for WordPress, Blogger...


 မေလ ၁၇ နဲ့ ၁၈ မိန့်ခွန်းတွေမှာ တပ်မတော်က အခွင့်ထူးခံနေကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ပါတယ်။ မန္တလေး အောင်ပင်လယ်ကွင်း၌ နေပူထဲမှာနားထောင်နေတဲ့ ပြည်သူများကို အမိုးအောက်နေရိပ်မှာ ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က “အခွင့်ထူးကို အသိအမှတ်ပြုရမယ်၊ တပ်မတော်က အခွင့်ထူးခံယူထားတယ်..” လို့ ပြောဆိုခဲပါတယ်။ ဗိုလ်စိန်မှန်ကွင်းတုန်းကလည်း “ကိုယ့်ဘေးလူတွေထက် ကိုယ်က  အထူးအခွင့်အရေး ရနေတာဟာ သိက္ခာရှိရဲ့လား.. ကိုယ့် အတွက်ကောင်းရဲ့လား..” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

တမဟုတ်ချင်း ဆိုသလိုပဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စွပ်ဆွဲမှုများ မဟုတ်မှန်ကြောင်း တပ်မတော်သားများ၊ တပ်မတော်သားနှင့် နီးစပ်သူများနဲ့ အမှန်မြတ်နိုးသူပြည်သူ အများအပြားက တုန့်ပြန်ရေးသားမှုတွေ၊ အထောက်အထား ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ကြပါတယ်။ တပြိုင်နက် တည်းမှာ ဒေါ်စုဘာပြောပြော ထောက်ခံ သူများက တပ်မတော်အကြီး အကဲများရဲ့ အခွင့်အရေးများနဲ့ ထောက်ပြနှိုင်းယှဉ် မှုတွေ ပြန်လုပ်လာပြီး မြန်မာနိုင်ငံသားအချင်းချင်း အပြန်အလှန်အပြစ်တင် အမုန်းပွားကုန်ကြကာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ဆန္ဒလည်း ပြည့်ဝသွားပါတယ်။  

အခွင့်အလမ်းဆိုတာမှာ နေရာတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူတိုင်းမှာရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးရပိုင်ခွင့်ကလည်း အမြဲတမ်း တသမက်တည်း မရှိပါဘူး။ တပ်မတော်မှာလည်း အလားတူဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်က တခြား အဖွဲ့အစည်းများထက်ပိုပြီး စနစ်ကျတာ တစ်ခုက တပ်မတော်ရဲ့ ရာထူးနဲ့ အခွင့်အလမ်း သက်မှတ်ချက်ဟာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဥပမာ ဒေါ်အောင်ဆန်း စုကြည်ဟာ အသက် ၄၃ နှစ်မှ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး ချက်ချင်း NLD အတွင်းရေးမှူး ဖြစ်လို့ရ ပေမယ့် တပ်မတော်မှာတော့ ဒါမျိုးမရပါဘူး။ ၄၃ နှစ်မှ တပ်ထဲဝင်သူသည် ချက်ချင်းဗိုလ်ချုပ်မဖြစ်ပေ။ ပင်ပန်းဆင်းရဲမှု၊ အစားအသောက် အနေအထိုင်ဆင်းရဲမှု များနဲ့ စတင်ရပါတယ်။ သို့ဖြစ်၍ လက်ရှိ တပ်မတော်မှာ အဆင့်မြင့် အရာရှိကြီးများ အားလုံးဟာ ဒေါ်အောင်ဆန်း စုကြည်မစားနိုင်တဲ့ ထမင်းတွေ၊ မဝတ်နိုင်တဲ့အဝတ်တွေ နဲ့ မနေနိုင်တဲ့ နေရာတွေမှာ နေခဲ့ပြီးသား ကံကောင်းလို့ အသက်မသေသူများသာ ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ဂျူနီယာဗိုလ်ကြီး မင်းအောင်လှိုင်တစ်ယောက် ထမင်းငတ်နေချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန်နိုင်ငံမှာ မိုက်ကယ်အဲရစ်နဲ့ ပျော်ရွှင်ကာ မြန်မာနိုင်ငံနဲ့ ပြည်သူကို မေ့ထားချိန် ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တပ်မတော် အဆင့်မြင့် ခေါင်းဆောင်များကို ဒေါ်အောင်ဆန်း စုကြည် နှိုင်းယှဉ်နိုင်စွမ်းရှိတော့ပေ။ နှိုင်းယှဉ်လိုပါက အသက်အရွယ် တစ်နှစ်ချင်း၊ တစ်နှစ်ချင်း ထုတ်ဖော်ပြောဆို နှိုင်းယဉ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီကနေ့ မြန်မာ့ စာပေနဲ့ သတင်းလောကမှာ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင်ဆိုပြီး အရေးပါသူ တစ်ဦးရဲ့ အသက် ၄၃ နှစ်မတိုင်ခင် အထုပ္ပတ္တိကို အကျယ်တဝင့်ဖတ်ရှုရန် အတော်ရှားပါးနေပါတယ်။ အများစုမှာ ၄၃ နှစ်နောက်ပိုင်းကိုသာ အမြဲလိုလိုဖော်ပြနေကြပြီး ၄၃ နှစ်ရှေ့ပိုင်းကိုတော့ ဘယ်ဂျာနယ်၊ သတင်းစာမှ ဖော်ပြလေ့မရှိတာကို ထူးခြားစွာ တွေ့ရပါတယ်။

အခွင့်အရေး ပိုယူတယ်ဆိုတဲ့ မန္တလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နဲ့ နှိုင်းယှဉ် ပြသွားပါသေးတယ်။ အမေရိကန်ဆိုလို့ မြန်မာ့တပ်မတော်ကိုလည်း အမေရိကန်နဲ့  ပြန်လည်နှိုင်းယှဉ်ရလျှင် အမေရိကန်က တပ်ချုပ်လစာဟာ မြန်မာငွေ သိန်း ၈၀၀ ကျော် ရရှိနေချိန်မှာ မြန်မာတပ်ချုပ်က လစာ ၁၂ သိန်းပဲရှိပါတယ်။ ဒါပေမယ့် အခွင့်ထူးမခံလိုတဲ့ တပ်ချုပ်က အခွင့်အရေးသမားတွေလို အရာရာကို အမေရိကန်နဲ့ မနှိုင်းခဲ့ပါဘူး။  အရာရှိငယ်များကတော့ ဒေါ်အောင်ဆန်းစုကြည်ထက် ရာထူးရော အခွင့်အရေးရော အစစ အရာရာ ချို့တဲ့နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားဝင်လစာ တစ်လ ၃ သိန်း၊ လွှတ်တော်ကျင်းပချိန် တစ်လ ၃ သိန်း၊ ခရီးသွားချိန် သီးသန့်တည်းခိုစရိတ်၊ စုစုပေါင်း ဒေါ်အောင်ဆန်း စုကြည်အတွက် နိုင်ငံတော်မှ တစ်နှစ်လျှင် သိန်း ၇၀ ကျော် ချပေးထားပါတယ်။ ဒါတောင် ဒေသဖွံ့ဖြိုးရေး သိန်း ၁၀၀၀ မပါသေးပါဘူး။ စစ်တပ်အရာရှိငယ်တွေနဲ့ စစ်သည်တွေ လစာက ဒေါ်စုလောက်မရပါဘူး။ သူတို့မှာ နေ့/ည မရှိပါဘူး၊ ပိတ်ရက်/ဖွင့်ရက် မရှိပါဘူး။ အသက်ကို ဘုရားဆီမှာ အပေါင်ခံထားရပါတယ်။ ယောင်္ကျားသေသွားလို့ ကလေးတွေနဲ့ အရပ်ထဲမှာ ဒုက္ခရောက်နေတဲ့ စစ်သားမိန်းမတွေ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ နိုင်ငံခြားက သားများနှင့် မြေးများကို လေယာဉ်စီးကာ သွားတွေ့နိုင်ပေမယ့် တစ်နိုင်ငံတည်းနေပြီး အိမ်မှာ မိဘတွေ သေဆုံးချိန် ခွင့်မရလို့ မပြန်ရတဲ့ တပ်မတော်သားတွေ အများကြီးရှိပါတယ်။

ဒါ့အပြင် မြန်မာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှစပြီး ရဲဘော်အဆင့်ထိ အခြားရပိုင်ခွင့် အားလုံးမှာ ဒေသ တွင်း နိုင်ငံအားလုံးထက် အများကြီးနည်းပါတယ်။ အထူးသဖြင့် ထိုင်း၊ တရုတ် နဲ့ အိန္ဒိယနယ်စပ်က တပ်တွေ အသိဆုံးဖြစ်ပါတယ်။ အခြားနိုင်ငံမှာ ရိက္ခာ အဆို/အခြောက် မျိုးစုံ ကို ရဟက်ယာဉ်များနဲ့ လာရောက် ပို့ဆောင်ပေးနေချိန်မှာ မြန်မာ့တပ်မတော်သားတွေက တွေ့ရာအရွက်ကို ခူးပြီး ထမင်းဆားဖြူး စားနေကြရပါတယ်။ မြန်မာသတင်းသမားတွေ၊ ကာတွန်းဆရာတွေနဲ့ လူရွှင်တော် တချို့က မြန်မာနိုင်ငံမှာ အစစ အရာရာ နောက်ဆုံးမှရှိကြောင်း၊ နောက်ဆုံးမှ ရေတွက်လျှင် နံပတ်တစ် ဖြစ်ကြောင်း ပြောဆိုလေ့ရှိပြီး မြှင့်တင်ဖို့ တိုက်တွန်းလေ့ရှိကြပေမယ့် အဲဒီထဲမှာ ကမ္ဘာနဲ့ ယှဉ်ရင် နောက်ဆုံးစာရင်းထဲမှာပါတဲ့ မြန်မာ့ တပ်မတော်ဘက်ဂျက်နဲ့ တပ်မတော်သား တွေရဲ့ဘဝတွေ တိုးမြှင့်ဖို့ မပါဝင်ပါဘူး။ ဒါ့ကြောင့် တပ်မြန်မာတပ်မတော်သားတွေဟာ အခွင့်ထူးမခံရတဲ့အပြင် အခွင့်ထူးများ ကို ချန်ထားခြင်းခံနေရသည့် “အခွင့်ထူးချန် လူတန်းစား” များသားဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ