အဲ့ဒါကိုမှ စစ်တပ်ရှိနေလို့
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မရဖြစ်နေတယ်ဆိုတာတွေ၊ ဖွဲ့စည်းပုံပြင်မရလို့
လူထုလှုပ်ရှားမှု၊ ဆူပူမှုများ ဖြစ်လာရင်တော့ ၈၈ တုန်းကလို စစ်တပ်က
အာဏာပြန်သိမ်းတော့မယ်ဆိုပြီး ပြောဆိုနေမှုတွေကြောင့်
တိုင်းပြည်မငြိမ်မသက်ဖြစ် သွားနိုင်ပါတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ကာကွယ်စောင့်ရှောက်တာပါ။ ပြင်လို့မရအောင် တားဆီးနေတာ မဟုတ်ပါဘူး။
တပ်မတော်ဟာ နိုင်ငံ့အာဏာရလို့ အကျိုးခံစားခွင့်တွေ ပိုမလာပါဘူး။ တပ်တော်သားတွေ ပိုပင်ပန်းမယ်၊ အလုပ်များမယ်၊ ဒီထက်ဆိုးရင် ပြည်သူတွေရဲ့ အထင်အမြင်လွဲမှုတွေ ခံရနိုင်ပါတယ်။ ဒါအပြင့် အနာဂတ် မြန်မာနိုင်ငံတော်ကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံဖြစ်အောင် ထူထောင်ရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) မှာအခုလို ပြဌာန်းထားခဲ့ပါတယ်။ “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျင် တပ်မတော်က ကူညီဆောင်ရွက်မည် လို့ပါရှိပါတယ်။

ပြောရမယ်ဆိုရင်
အနာဂတ်မှာ တပ်မတော်ရဲ့ အဓိကအကျဆုံးတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်”
ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ ကာကွယ်ရေးတာဝန် ဖြစ်ပေမယ့်
နိုင်ငံတော်နဲ့နိုင်ငံသား ပြည်သူတွေရဲ့ ဘေးအန္တရာယ်မှန်သမျှကိုလည်း
အကာအကွယ်ပေးရမယ်၊ အကူအညီပေးရမယ် ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ဟာ
ပြည်သူနဲ့လဲ မကင်းကွာဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တပ်မတော်သားဆိုတာကလည်း
ပြည်သူထဲက မွေးဖွားလာပြီး အငြိမ်းစားယူတဲ့အခါကျတော့လည်း ပြည်သူတစ်ယောက်
ပြန်ဖြစ်သွားပြန်တာပဲ။ ဒီတော့ ပြည်သူနဲ့တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူဆိုတာ
တစ်သွေးတည်းတစ်သားတည်းပါပဲ။ ပြီးတော့ တပ်မတော်သား တစ်ယောက်တိုင်း၊
တစ်ယောက်တိုင်းမှာ မိဘဆိုတဲ့ ပြည်သူရှိပါတယ်။ ညီအစ်ကိုမောင်နှမ၊
ဆွေမျိုးသားချင်းဆိုတဲ့ ပြည်သူတွေလဲရှိကြပါတယ်။
နောက်ပြီး လွှတ်တော်မှာလဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကိုလဲ မရှိသင့်ဘူး၊ ဖြုတ်ပစ်ရမယ်စသည်ဖြင့် အမျိုးမျိုးဝေဖန်ပုတ်ခတ် ပြောဆိုမှုများလဲရှိနေပါသည်။ ကျွန်တော် ပြောချင်တာက လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဆိုတာ တပ်မတော်က ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်နေတာပါ။ တပ်မတော်က ပေးအပ်တဲ့တာဝန်ကလဲ နိုင်ငံတာဝန်ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံအတွက်ဖွဲ့စည်းထားတာပါ၊ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသား၊ ဘယ်ပုဂ္ဂိုလ်ဆိုသူအတွက်ဆိုပြီး ဖွဲ့စည်းထား မဟုတ်ပါဘူး။ အဲ့တော့ လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဟာ နိုင်ငံရေးလုပ်နေတာထက် နိုင်ငံအတွက်လုပ်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ထိန်းသိမ်းပေးဖို့ပဲ လုပ်ဆောင်နေကြတာပါ။
လွှတ်တော်မှာ လည်း နိုင်ငံရေးအရ စွက်ဖက်တာမျိုးမရှိသလို
နိုင်ငံရေးပါတီအချင်းချင်း၊ အဖွဲ့အစည်း အချင်းအချင်းကို သွေးခွဲနေခြင်းလဲ
မရှိပါဘူး။ ထို့အပြင် လွှတ်တော်တွင်းမှာ တပ်မတော်သားများရှိနေတဲ့အတွက်
ပြည်သူများရဲ့ဘဝ၊ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး အခြေအနေများကို တပ်မတော်
အကြီးအကဲများနှင့် တပ်မတော်သားများ အသေးစိတ် ပြန်လည်သိရှိနိုင်ပါတယ်။
ဒါ့ပြင် လွှတ်တော် ထဲဆွေးနွေးတာ၊ သဘောထားပေးဖို့ ဆုံးဖြတ်ချက်ချရာမှာ
မည်သို့ လိုက်နာဆောင်ရွက်ရမဲ့ဆိုတဲ့ တင်းတင်းကျပ်ကျပ် ညွှန်ကြား
ထားချက်မျိုး မရှိပါဘူး။ အဲ့ဒါကိုလဲ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံရသူတွေအပါအ၀င် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို
ထောက်ခံဆွေးနွေးတဲ့အခါမှာ စောင့်ကြည့်လေ့လာသူတွေ ပိုမိုသိသာထင်ရှားစွာ
မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး အခြေ အနေတွေကို ကြည့်ချင်းအားဖြင့်
လွှတ်တော်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသည့်အတွက်
တိုင်းပြည် ဟာဆူပူအုံကြွ အကြမ်းဖက်မှုတွေရှိနေရင်တောင်မှ
အာဏာသိမ်းမည့်အရေးမှာ မည်သို့မှ ဖြစ်နိုင်ခြေမရှိနိုင်ဘူးလို့
ပြောချင်ပါတယ်။
ဝင်းကိုလှိုင်
ဝင်းကိုလှိုင်
http://shwenaingan.blogspot.com
0 comments