Related Posts Plugin for WordPress, Blogger...

(၂၅၊၅၊၁၄)ရက်နေ့တွင် ကသာမြို့နယ်ရဲစခန်းမှ
 (ပ)၁၀၁/၂၀၁၄အရ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
(၃၇၆)ဖြင့် အမှုဖွင့်အရေးယူမှု တစ်ခုပြုလုပ်ခဲ့ပြီး
ထိုအမှုမှာ သမီးရှင် မိဘအုပ်ထိန်းသူများ
 အထူးသတိထားစရာ ဖြစ်စဉ်ဖြစ်သဖြင့်
 ရေးသားလိုက်ရပါသည်၊


ဖြစ်စဉ်မှာ ကသာမြို့ အမှတ်(၈)ရက်ကွက်တွင် နေထိုင်သော ဦး-----သည် လုပ်ငန်းအတူလုပ်ကိုင်သူ အောင်ကျော်မျိုး(ဘ)ဦးမြင့်ဦး ၂၂နှစ်ဥယာဉ်ရွာ၊စစ်ကိုင်းမြို့နှင့် သူ၏ဇနီးတို့အား မိမိအိမ်တွင် အတူနေထိုင်စေခဲ့ပါသည်၊ လပေါင်းများအတူနေမှုကြောင့် ရင်းနှီးသွားကြပြီး ဦး---၏သမီးဖြစ်သူ
(၁၄)နှစ်အရွယ်{ (၇)တန်းကျောင်းသူ} အား မနက်(၇)နာရီတွင် ကျူရှင်သို့ ဆိုင်ကယ်ဖြင့် ပို့ပေးစေခဲ့ပါသည်၊

ယခင်နှစ်၂၀၁၃ခုနှစ်နိုဝင်္ဘာ၁၂ရက်တွင်မူ ဦး---၏သမီးဖြစ်သူအား ကျူရှင်သို့ မပို့ဘဲ ကသာမြို့ဂေါက်ကွင်းအနီးရှိ ဂေါက်ကွင်းဘုရားသို့ ခေါ်သွားပြီး
အဓမ္မကျင့်ကြံခဲ့ပါသည်၊ ထိုသို့ ကျင့်ကြံစဉ်က လက်မခံပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ၇တန်းကျောင်းလေး၏ မိခင်ဖြစ်သူ မ-----မှ ရဲစခန်းတွင် ထွက်ဆိုခဲ့ပါသည်၊

ထိုသို့ ပထမအကြိမ်ကျင့်ကြံပြီး နောက်(၁၅)ရက်အကြာတွင်လည်း အောင်ကျော်မျိုးတည်းခိုနေထိုင်ရာ ဦး---၏အိမ် အခန်းတွင်းသို့ ဆွဲခေါ်ခါ နောက်တစ်ကြိမ်ထပ်မံ ကျင့်ကြံခဲ့သေးကြောင်းနှင့် (၇)တန်းကျောင်းသူလေးအနေဖြင့် ထိုဖြစ်စဉ်ကို ကြောက်လန့်၍ မပြောရဲဘဲ (၁၃၊၄၊၁၄)ရက်နေ့ မိခင်နှင့်အတူ ထီးချိုင့်မြို့သို့အလည်သွားသောအခါမှ မိခင်ဖြစ်သူကို တိုင်ကြားခဲ့မှ လူကြီးများသိရှိရကြောင်းလည်း တိုင်စာတွင် ဖေါ်ပြခဲ့ပါသည်၊

ထိုသို့ မိခင်မှ သိရှိရ၍ ခင်ပွန်းဖြစ်သူနှင့်တိုင်ပင်ပြီး ယခုလို ကသာရဲစခန်းတွင် အမှုဖွင့်ရခြင်း ဖြစ်သည်၊ ကသာရဲစခန်းမှ တရားခံ အောင်ကျော်မျိုး(ဘ)ဦးမြင့်ဦး ၂၂နှစ်၊ဥယာဉ်ရွာ၊စစ်ကိုင်းမြို့အား
ဖမ်းဆီးချုပ်နှောင်စစ်ဆေးလျှက် တရားစွဲတင်နိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။

(ဟာဂျူလီ-ကသာ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ