Related Posts Plugin for WordPress, Blogger...

တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် အမှတ် (၁၆) ရပ်ကွက်ရှိ မီးဘေးသင့် တောင်ငူမြို့မ ဈေးကြီးကို ခေတ်မီ ဈေးသစ် အဖြစ် ပြန်လည် ဆောက်လုပ်ရန် မေလ ၁၇ ရက်နေ့မှ စတင်ကာ တင်ဒါ ခေါ်ယူ လိုက် ကြောင်း မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန အမှု ဆောင်အရာရှိ ဦးမြင့်လွင်က ပြောကြားသည်။

“စည်ပင်သာယာရေး ဦးစီးဌာနက ဈေးသူ ဈေးသား တွေရဲ့ သဘောဆန္ဒနဲ့ အညီ ဈေးသစ်ကြီး ပြန်ဆောက်ဖို့ တင်ဒါ ခေါ်ယူ ခဲ့တာပါ။ ဈေးတည်ဆောက်မယ့် လုပ်ငန်းရှင်တွေဟာ တည်ဆောက်မယ့် ပုံစံကို ဈေးသူဈေးသားတွေကို ရှင်းပြပြီးတာနဲ့ ဈေးတည်ဆောက်မှု ကုန်ကျမယ့်စရိတ်ရဲ့ ၅ ရာခိုင်နှုန်းကို အာမခံ တင်သွင်းပေးရပါမယ်” ဟု ၎င်းကဆိုသည်။

မြို့မဈေးသစ်ကြီးကို နှစ်ထပ် တည်ဆောက်ကာ မီးလောင်ခဲ့သည့် ဈေးဆိုင်ခန်း ၁၄၅၉ ခန်းကို မြေညီထပ် မူလ မြေနေရာတွင် အခမဲ့ ပြန်လည် ဆောက်လုပ်ပေးရမည် ဖြစ်ကြောင်း၊ အပေါ်ထပ်ကို ရင်းနှီးမြှုပ်နှံမှု လုပ်မည့် ကုမ္ပဏီက ခံစားခွင့်ရရှိမည် ဖြစ်ပြီး အပေါ်ထပ်တွင် လူနေ အိမ်ခန်းမှအပ Shopping Mall၊ Show Room နှင့် ကုမ္ပဏီ ရုံးခန်းများ ဖွင့်လှစ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ကြေညာချက်အရ သိရသည်။

“ဈေးမီးလောင်တာ ဈေးရုံ ၁၈ ရုံပါ။ မီးလောင်တဲ့အထဲ မပါတဲ့အပြင် တန်းမြောက်ဘက်ခြမ်း ဈေးဆိုင်ပိုင်ရှင် တချို့က ဈေးသစ် ပြန်ဆောက်ရင် သူတို့နေရာ ပြန်ပေးမပေးနဲ့ ကုန်သည်ကြီး လမ်းဘက်ခြမ်းက ဈေးရုံကြီးတွေရော အသစ် ပြန်ဆောက်ရမယ်လို့ တောင်းဆိုနေတာကြောင့် ဈေးသစ်ဆောက်ဖို့ ကြာသွားတာပါ။ အခု ဘယ်လို ညှိနှိုင်းလိုက်တယ် မသိဘူး” ဟု တောင်ငူမြို့မ ဈေးကြီးမှ ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြို့မဈေးကြီးကို ပထမအကြိမ် မီးလောင်ခဲ့သည့် ၁၉၈၁ ခုနှစ်တွင် ပြန်လည် တည်ဆောက်ရာတွင် အားနည်းချက်အချို့ ရှိခဲ့ခြင်းကြောင့် ယခု ပြန်ဆောက်မည့် ဈေးသစ်ကြီးတွင် မီးဘေး လုံခြုံရေးစနစ် ပါဝင်မည့်အပြင် ငလျင်ဒဏ် ခံနိုင်ရေးနှင့် ဈေးတည်တံ့ ခိုင်မြဲရေးအတွက် ဆောက်လုပ်မည့် ကုမ္ပဏီက ပဒေသာပင် ရန်ပုံငွေ စိုက်ထူပေးရမည် ဖြစ်သည့်အပြင် လုံလောက်သည့် ယာဉ်ရပ်နား နေရာကို ထည့်သွင်း တည်ဆောက်ပေးရမည် ဖြစ်ကြောင်း ယင်းဌာန၏ အင်ဂျင်နီယာဌာန ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မြို့မဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့သည့် မီးဘေးသင့်ခံ ဈေးသူဈေးသားများကို သမဝါယမ ဝန်ကြီးဌာန အသေးစား ငွေကြေးလုပ်ငန်းက မေလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်သုတ်ခွဲကာ ဈေးဆိုင်တစ်ဆိုင်လျှင် ကျပ်သိန်း ၃၀ မှ ၅၀ အထိ သိန်းပေါင်း ၉၉၂၀ ကို ထုတ်ချေးပေးခဲ့ကြောင်း မီးဘေးသင့် ဈေးဆိုင်ခန်း ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

တောင်ငူမြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် ဈေးရုံ ၁၈ ရုံနှင့် ဆိုင်ခန်း ၁၃၄၈ ဆိုင် မီးလောင် ပျက်စီးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀,၀၀၀ ကျော် ရှိခဲ့သည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ