Related Posts Plugin for WordPress, Blogger...

လသာမြို့နယ် စည်ပင် တရားရုံး၏ ဆင့်ခေါ်စာ
ပျက်ကွက်မှုဖြင့် မိကျောင်းကန် သပိတ်စခန်း
 ခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတား
 ရဲစခန်းမှ ဖမ်းဝရမ်း ထုတ်ထားကြောင်း
ဦးစိန်သန်းက The Messenger သတင်းစာသို့ ပြောသည်။

            ““ပုဒ်မ-၆၈ နဲ့ တရားစွဲပြီး ပျက်ကွက်လို့ ဖမ်းဝရမ်း မိန့်ထုတ်တာ။ ဒီနေ့ (မေ ၁၉) ဖမ်းမယ်လို့ ပြောတာ။ ဒါပေမဲ့ ကျန်းမာရေးအရ ဆေးကုနေရလို့ လာမယ့် မေလ (၂၁) ရက်နေ့မှာ လာရောက် ခေါ်ယူမှာဖြစ်တယ်”” ဟု ၎င်းက ပြောသည်။

            အဆိုပါ ဖမ်းဝရမ်း ထုတ်ထားမှုအပေါ် တွင် ၎င်းအနေဖြင့် လက်ခံသော်လည်း သပိတ်စခန်းအား  အင်အားသုံး ဖြိုခွင်းသော စည်ပင်မှ ၀န်ထမ်းများအား သက်သေခိုင်မာ အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ရှေ့နေ ငှားကာ ပြန်လည် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

            ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ  မိကျောင်းကန် သပိတ်စခန်းအား မတ်လ (၃၀)နှင့် (၃၁) ရက်နေ့၊ နံနက် (၃)နာရီခွဲခန့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လူအင်အားများစွာဖြင့် နှစ်ရက်တိုင်တိုင် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း မိကျောင်းကန် သပိတ်စခန်းတွင် ပါဝင်သူများထံမှ သိရသည်။

The Messenger  News

Posted by Unknown on 5/21/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ