Related Posts Plugin for WordPress, Blogger...

အခုနှစ်ဆန်းကနေ မေလဆန်းအထိ ၄ လ အတွင်း ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး တိုးလာတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။

မေ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီလျံ ကျော်သွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပအကြွေး အမေရိကန်ဒေါ်လာ သန်း ၉၅၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)ဆီက ဒေါ်လာ သန်း ၆၂၀ ကျော်၊ ပညာရေးဝန်ကြီးဌာန အတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၊ လယ်ဆည်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၃၆ သန်း ရယူဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၁၅၆ သန်း ချေးငွေနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ လိုနေပါသေးတယ်။

By ဒီဗွီဘီ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ