Related Posts Plugin for WordPress, Blogger...

မရမ်းကုန်းမြို့နယ် အေဒီမီးပွိုင့်အနီးရှိ အင်း
လျားကန်စပ်တွင် ပုပ်ပွနေသော အမျိုးသား
အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း
သက်ဆိုင်ရာရဲစခန်းက သိရှိရသည်။



မေ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် အေဒီမီးပွိုင့်အနီးရှိ အင်းယားကန်စပ်တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသဖြင့် စုံစမ်းရာ သေဆုံးသူမှာ အမည်မသိ အသက် ၁၆ နှစ်အရွယ်ခန့်ရှိ လူငယ်အလောင်းတစ်လောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလောင်းအား ရဲတာဝန်ရှိသူများ စစ်ဆေးရာ ယင်းသေဆုံးသည့် လူငယ်မှာ ပုပ်ပွနေပြီး အနီရောင်ရှပ်အင်္ကျီ ၀တ်ဆင်ထားကာ ဘောင်းဘီပါရှိခြင်း မရှိကြောင်းနှင့် အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

“အလောင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပြင်ပဒဏ်ရာတွေတော့ မတွေ့ရဘူး။ ပြီးတော့ အဲဒီအလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ပို့အပ်ထားပြီးတော့ မနက်ဖြန်မှာ ရင်ခွဲစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ သေဆုံးသူရဲ့ အမည်နဲ့ နေရပ်လိပ်စာ သိရဖို့ကိုလည်း သူပုံစံနဲ့ လူပျောက်တိုင်တာ ရှိ၊ မရှိကို ရဲစခန်း အသီးသီးကိုရော၊ ရဲစခန်းနဲ့ ဆက်စပ်တဲ့ မြို့နယ်တွေကိုရော မေးမြန်းပြီး အကြောင်းကြားထားတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို မရမ်းကုန်းမြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ