(နိရဉ္စရာ- ၈ ဧပြီလ ၂၀၁၄)

မာန်အောင်မြို့နယ်၏ လူမူရေး လုပ်ငန်းများကို တက်ကြွစွာ
ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မေဃ၀တီ လူမူကွန်ယက်ကို အဖွဲ့ဝင် ၁၅
ဦးဖြင့် ယခုလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
“ ဝေလုဝန်ကျောင်းမှာ ဖွဲ့စည်းပါတယ်။ ဧပြီလ ၆ ရက်နေ့ ဖွဲ့စည်းပါတယ်။
လူပေါင်း ၇၀ ခန့် တက်ရောက်ပါတယ်” ဟု ဒုအတွင်းရေးမှူး ဦးကျော်လွှင်ထွန်းက
နိရဉ္စရာသို့ ပြောသည်။
မေဃ၀တီ လူမူကွန်ယက်ကို မာန်အောင်မြို့နယ် အတွင်း
လူမူအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို
ထိန်းသိမ်းရန်၊ လူမူဘ၀ ထိခိုက်နစ်နာမူများကို
ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်
ဥက္ကဌအဖြစ် ဦးမောင်မောင်တင်နှင့် ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှူး
ဦးစန်းနိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးကျော်လွှင်ထွန်း အပါအ၀င် ကော်မီကို
လူပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“ ရန်ကုန်မှာ ရှိတဲ့ ရခိုင်လူမူကွန်ယက်၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့
လူမူကွန်ယက်အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပြင်
အစိုးရ အာဏာပိုင်တွေနဲ့လည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း
လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မေဃ၀တီ လူမူကွန်ယက်အနေဖြင့် အတတ်နိုင်ဆုံး မာန်အောင်မြို့နယ်
အကျိုးအတွက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စိတ်ဝင်စားသူ မာန်အောင်မြို့နယ်
သူ မြို့နယ်သားများ အနေဖြင့် ဆက်သွယ်နိုင်ပါကြောင်း သူက ပြောဆိုသည်။
How Brand Mentions and Citations Improve SEO
2 days ago

0 comments