Related Posts Plugin for WordPress, Blogger...

နှစ်ဟောင်းဟာ ညမှာ တစ်ရွေ့ရွေ့ သေဆုံးတော့မယ်၊
မီးရှူးမီးပန်း တွေ ဖောက်ပြီး သေဆုံးသွားပါစေ။
အတွေးဟောင်း၊ အကြံဟောင်း၊ အကျင့်ဟောင်းတွေ
ကျင့်ထုံးဟောင်းတွေ၊ အတုအယောင်တွေ၊
အဟောင်းမှန်သမျကို မိီးရှူး မီးပန်း တွေ ဖောက်ပြီး
မောင်းထုတ်တယ်။

စိတ်ကို ညှိုးချုံ့စေတဲ့ ပူဆွေး ဝမ်းနည်းမှုတွေ၊
ဆင်းရဲ့နဲ့ ချမ်းသာအကြား ရန်စွယ်မွားမှုတွေ၊
ပညာတတ်နဲ့ ပညာမဲ့တွေကြား မာနတရားတွေ၊
ကောင်းကျိုးမပေးတဲ့ စနစ်ဆိုးကြီးတွေ၊
ဟောင်းနွမ်း သုံးမရတော့တဲ့ အယူအဆတွေ၊
ပျက်စီးဆုံးရှုံးစေတဲ့ ပဋိပက္ခတွေ၊ အားလုံးကို
မီးရှူးမီးပန်းတွေဖောက်ပြီး မောင်းထုတ်တယ်။

လူသားအားလုံးအတွက် တရားမျှတမှုတွေ၊
အစစ်အမှန်တွေ၊ မြင့်မြတ်စင်ကြယ်ခြင်းတွေ၊
ကြည်သာချိုမြတဲ့ အမှုအကျင့်တွေ၊
သန့်ရှင်း စင်ကြည်တဲ့ ကျင့်ထုံးတွေ၊
အားလုံ အားလုံး အားလုံးကို
မီးရှူး မီးပန်းဖောက်ပြီး အပြုံးတွေနဲ့
ကြိုဆိုတယ်။

ယုံကြည်မှုကင်းခြင်း၊ အေးစက်တဲ့ခေတ်ရဲ့
ရက်စက်ကြမ်းကြုတ်ခြင်းတွေ၊
မှားယွင်းတဲ့ ဇာတိပုညဂုဏ်မာနတွေ၊
ပျက်သိုးပုတ်ခတ် အာဃာတတွေ၊
ပုံစံဟောင်းကြီးနဲ့ ရောဂါဆုံးကြီးတွေ၊
ကျဉ်းမြောင်းတဲ့ ဓနရမ္မက်တွေ၊
ပြီးသွားတဲ့ စစ်ပွဲ အထောင်သောင်းတွေ
အားလုံး အားလုံး အားလုံးကို
မီးရှူးမီးပန်းတွေဖောက်ပြီး မောင်းထုတ်တယ်။

မှန်ကန်ခြင်းနဲ့ သစ္စာတရားတွေ၊
အမှန်တရားကို မြတ်နိုးစိတ်တွေ၊
ကောင်းမွန်မှုတွေကို ဆောင်ကျဉ်းပေးတဲ့
စနစ်သစ်တွေ၊ တူညီမှုကို ဖော်ဆောင်ပေးတဲ့
ဝန်ဆောင်မှုတွေ၊ လွတ်လပ်မှုကို သယ်ဆောင်ပေးတဲ့
အချိုမြဆုံး ဂီတသံတွေ၊ ပျော်ရွှင်မှုကို
ထောက်ပံပေးတဲ့ လက်ခုပ်သြဘာသံတွေ၊
နှစ်လုံးသားကို အေးမြစေတဲ့ အချစ်လေညင်းတွေ၊
ငြိမ်းချမ်းခြင်း နှစ်အထောင်သောင်းတွေ၊
အားလုံး အားလုံး အားလုံးကို
မီးရှူး မီးပန်းဖောက်ပြီး အပြုံးတွေနဲ့ ကြိုဆိုတယ်။


အားလုံးကို ချစ်ခင်လေးစားလျက်….

တော်ဝင်ထွန်း
၃၁.၁၂.၂၀၀၉

Posted by Unknown on 4/07/2014
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ