Related Posts Plugin for WordPress, Blogger...

Photo: ရခိုင်ပြည်တွင်းက လူမျိုးသစ် တီထွင်ခဲ့မှု အပေါ် နိုင်ငံတော် သမ္မတ ပြောခွင့် ရသူနဲ့ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု
============================================
အဲဒီ ဗြိတိသျှတွေရဲ့ ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး။ အရင်က ဗြိတိသျှတွေကိုယ်တိုင် ၁၈၇၁ ကနေ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်တကြိမ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ဘူး၊ မသုံးခဲ့ဘူး၊ စစ်တ ကောင်း ဘင်ဂလီ ဆိုတာပဲ သုံးခဲ့တယ်။

အခုကျမှ ၁၉၄၆၊ ၄၇၊ ၄၈ နောက်ပိုင်းကျမှ ဒီစကားကို မွေးဖွားပြီး သုံးလာ၊ လုပ်လာတဲ့အပေါ်မှာ ဘာမှ တိုင်း ရင်းသား အဖြစ်နဲ့လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး၊ ပြောတဲ့ဟာတွေကိုလည်း ကျနော်တို့ ဘာမှ အလေး ထား စဉ်းစားစရာမလိုဘူး။

သို့သော် မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဒီထဲမှာ နေနေတဲ့၊ လွတ်လပ်ရေး မရခင်က နေထိုင်ခဲ့တဲ့ မျိုးဆက်တွေဟာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ညီရင် နိုင်ငံသား ဖြစ်မယ်။

ဦးနုတို့က ရခိုင်ပြည်နယ်မှာ မဲလိုချင်တဲ့အတွက် ကြောင့်မို့လို့ နိုင်ငံရေး အကျိုးအမြတ် တခုတည်းနဲ့လုပ်ခဲ့တဲ့ အကျိုးဆက်ဟာ အခုချိန်မှာ ဒီစကားလုံးကြီးဟာ တွင်နေတာ။

ဒါကြောင့်မို့လို့ ကျနော်တို့ အစိုးရ လက်ထက်မှာ ဒီလိုအမှားမျိုးကို ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ဘူး။ ကနော်တို့လုပ်မှာ မဟုတ်ဘူး။ အခုချိန်မှာ ဦးနု ကွယ်လွန်သွားပြီ။ ဦးနုက မဲလိုချင်တဲ့အတွက် ဒီစကားလုံးကို အလွယ်တကူ ပြောခဲ့တယ်။ တိုင်းရင်းသား ဆိုတဲ့ စကားလုံးကို သုံးခဲ့တယ်။ ရန်ကုန် တက္ကသိုလ်မှာ ယာဉ်ကျေး မှု အသင်းဖွဲ့ပေး ခဲ့တယ်။

ဒါက ရေရှည်ကို မစဉ်စားဘဲနဲ့ ရေတို အကျိုးလေး တခုတည်းနဲ့ နိုင်ငံရေး အမြတ်တခုတည်းနဲ့ လုပ်ခဲ့တဲ့ဟာ ကြောင့် ကျနော်တို့က ဖြေရှင်းနေရတယ်။ ကျနော်တို့ ဒီလို အမှားမျိုး နောက်ထပ် လုပ်စရာ အကြောင်းလည်း မရှိဘူး၊ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး။

By RFA မြန်မာပိုင်း (၃၁.၃.၂၀၁၄ ညနေပိုင်း အစီအစဉ်
Credit to ; Khin Htay Kywe
ဓာတ်ပုံ - facebook

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ