Related Posts Plugin for WordPress, Blogger...

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မေငယ်
ှုINGO များတွင် တာဝန်ထမ်းဆောင်သူများ ဒေသခံထိခိုက်မည့် ကိစ္စများကို ဆင်ခြင်လုပ်ဆောင်သင့်ဟု ဦးရဲထွဋ်ပြော
---------------------------------------------------------------------------
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မေငယ်

နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သူများ အနေဖြင့် ဒေသ၏ ဓလေ့ထုံးတမ်းများ ထိခိုက် ရှလွယ်မည့်ကိစ္စများကို ဆင်ခြင်သင့် လုပ်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ၂၉-၃-၂ဝ၁၄ ရက် နေ့ နံနက်က ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရုံးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံသည့် အခမ်းအနား၌ မီဒီယာ များက ဦးရဲထွဋ်ကို မေးမြန်းစဉ် အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
''နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်တဲ့သူတွေအနေနဲ့က ဒေသရဲ့ ဓလေ့ထုံးတမ်း၊ ထိခိုက်ရှလွယ်တဲ့ ကိစ္စတွေကို နားလည်သင့်တယ်။ ၂၆ ရက် နေ့မှာ အလံဖြုတ်တာ ဘာလို့လဲဆိုရင် သူတို့ရဲ့ INGO တွေက အဖွဲ့အစည်းတစ်ခု ခု၊ ဘာသာတစ်ခုခုကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်အလံတွေ တင်ခွင့်မရှိဘူးဆို တဲ့ မူအရ သူတို့က ဖြုတ်တာလို့ ဆိုတယ်၊ အိုကေ ခင်ဗျားတို့ကိုယ်တိုင်ဖြုတ်ဖို့လို သလား၊ ငှားထားတဲ့အိမ်ရှင်ကိုပြောပြီး အကျိုးအကြောင်း ရှင်းပြလို့မရဘူးလား၊ အဲလိုပြောပြီးမှ ဖြုတ်တာပိုပြီးတော့ မသင့် တော်ဘူးလား၊ ပိုပြီး ပြဿနာနည်းတာပေါ့၊ ထိခိုက်ရှလွယ်တဲ့ကိစ္စကို ကိုယ်တိုင်သွား ဖြုတ်လိုက်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဖြစ်တယ်''ဟု ဦးရဲထွဋ်က ဆိုသည်။
''ကျွန်တော်တို့ဘက်က နယ်စည်း မခြားတစ်ခုကိုပဲ ရပ်ထားတာ၊ ကျန်တဲ့ အဖွဲ့ တွေကို ရပ်မထားဘူး၊ လက်မှတ်ထိုးထား တဲ့ြဥ့ နဲ့အညီ အကာအကွယ်ပေးရမှာ ပဲ။ သူတို့ဘက်ကလည်း ဒေသအရ ထိခိုက်ရှလွယ်တဲ့ကိစ္စတွေမှာ ဆင်ဆင်ခြင် ခြင်လုပ်ဖို့လိုတာပေါ့၊ ကိုယ့်ဘက်က လုပ် လိုက်တဲ့အခါ အများကြီး ပြဿနာဖြစ်သွား တာပေါ့''ဟု ယင်းကဆိုသည်။
ယင်းအပြင် ဒေသခံတို့အနေဖြင့် လည်း အလံကို မတရားပြုလုပ်သည်ဆို ပါက တိုင်ကြားသင့်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းနှင့် အဖွဲ့အစည်းတွင် အလုပ် လုပ်နေသူကို ခွဲခြားမြင်တတ်ရန်လို ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြား သည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် NGOအဖွဲ့ ၏ဝန်ထမ်း အမေရိကန်သူတစ်ဦးမှ 0x158င်းတို့ ငှားရမ်းနေထိုင်သော နေအိမ်ရှိ သာသနာ့ အလံကိုဖြုတ်၍ မလေးမစားပြုလုပ်သည် ဆိုကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ