Related Posts Plugin for WordPress, Blogger...

သန်းခေါင်စာရင်းနှင့် ရိုဟင်ဂျာဟူသည့် အမည်ပြဿနာ

၁၆-၂-၂၀၁၂ က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် သတင်းစာ ရှင်းလင်းပွဲအပြီး သတင်းထောက်တစ်ဦးက “ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေအဖြစ် လက်ခံပါသလား” ဟု ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ဖူးသည်။ “ပြဿနာတွေရဲ့ အရင်းအမြစ်က တရားဥပဒေ စိုးမိုးရေးပါ။ မြန်မာနိုင်ငံသားဖြစ်ဖို့ ဘယ်လိုအချက်အလက်တွေ သတ်မှတ်ထားသလဲ ဆိုတာကို တိကျပြည့်စုံတဲ့ ဥပဒေမရှိသေးတော့ ဒီအချိန်မှာ ပြောရတာ ခက်ပါတယ် . . . . ကျွန်မတို့ဆီမှာ မြန်မာနိုင်ငံသားဖြစ်ဖို့ ဘယ်လိုဥပဒေအချက်တွေ သတ်မှတ်ထားသလဲ ဆိုတာတောင် ကျွန်မတို့ ရှင်းရှင်းလင်းလင်း မသိဘူး။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့နိုင်ငံသား မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်မတို့ဘက်ကလည်း ကိုယ့်နိုင်ငံသား မဟုတ်ဘူးလို့ပြောတယ်။ ဒါဆို သူတို့ဘယ်က ရောက်လာကြတာလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြား ခဲ့ဖူးသည်။

ယခု မတ် ၃၀ ရက်တွင် မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ခံမှု ပြုလုပ်တော့မည့် အချိန်၌ ရိုဟင်ဂျာဟူသော အခေါ်အဝေါ်အတွက် ငြင်းခုံမှုများ ပြင်းထန်လာပြန်သည်။ ယခုနောက်ဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune ၏ ဆောင်းပါးရေးသား ဖော်ပြချက်ကို ကန့်ကွက်ကြောင်း သံဃာတော်များ အပါအ၀င် မြန်မာနိုင်ငံသား ၁၅၀၀ ခန့်တို့က မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှ ပြည်သူ့ရင်ပြင်ရှေ့အထိ လမ်းလျှောက်ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ ကန့်ကွက်ဆန္ဒပြသူ ၁၅၀၀ ခန့်တို့က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းစာ Dhaka Tribune ၏ ရခိုင်နယ်မြေ အချို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်အောက်သို့ သွတ်သွင်းရေးသား ဖော်ပြမှုအား ကန့်ကွက်ကြောင်း”၊ “ဘင်္ဂါလီများအား ရိုဟင်ဂျာအမည်သွင်း သန်းခေါင်စာရင်း ကောက်ခံခြင်းအား ကန့်ကွက်ကြောင်း” အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ “ရိုဟင်ဂျာ အလိုမရှိ” ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရိုဟင်ဂျာဟူသော အမည်သည် မည်သည့်အချိန်က စတင်ပေါ်ပေါက် လာပါသနည်း။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရစကပင် အနောက်ဘက်နယ်စပ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် မူဂျာဟစ်သူပုန်များ ထကြွခဲ့သည်။ မူဂျာဟစ်တို့၏ သူပုန်ထမှုကို အသုံးချ၍ ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင် ပါလီမန်အမတ် မစ္စတာအဗ္ဗဒူဂါဖားရ်က ဂါဒီးယန်း သတင်းစာမှနေ၍ “ရိုဟင်ဂျာ” အမည်ရှိသော မွတ်စလင်လူမျိုးသစ် ဇာတ်လမ်းတစ်ခုကို ခင်းကျင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာဟူသော အမည်ကို ယခင်က မည်သူမျှ ကြားဖူးခဲ့ခြင်း မရှိပါ။ ခိုင်မာသော သမိုင်းကျမ်းတို့၌လည်း တွေ့ရှိရခြင်းမရှိပါ။ ထို့ကြောင့် ရိုဟင်ဂျာဟူသော အမည်သည် လုပ်ကြံတင်ပြသော လိမ်ညာမှု တစ်ခုသာဖြစ်ကြောင်း ဦးဖော်ဇံက ဂါးဒီးယန်းသတင်းစာ၌ပင် ချက်ချင်းတုံ့ပြန် တင်ပြခဲ့သည်။

ယင်း၌ ယခင်မြန်မာဖတ်စာအုပ်ပါ ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်ကို အမှတ်ရစရာ ဖြစ်သည်။ ဒေါင်းနှင့် ကျီးဟူသည် ငှက်အမျိုးအစားများဖြစ်ပြီး မည်သည့် ငှက်ကပို၍ မြင့်မြတ်သည်ဟူ၍ မရှိပါ။ သို့သော် ကျီးသည် ဒေါင်းယောင် ဆောင်မိသောကြောင့် ကျီးအသိုင်းအ၀ိုင်း၌ မျက်နှာပျက်စရာ ဖြစ်ရသည်။ ကျီး သို့မဟုတ် ဒေါင်းဟူသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုမဟုတ်ဘဲ မွေးလာကတည်းက ပြဋ္ဌာန်းထားပြီးသား အချက်ဖြစ်သည်။ ယင်းပြဋ္ဌာန်းချက်အား ငြင်းပယ်ခွင့်မရှိပါ။ ဒေါင်းဖြစ်စေ၊ ကျီးဖြစ်စေ မိမိအမျိုးကို အမှန်အတိုင်း လက်ခံကာ ဂုဏ်ယူတတ်ရန် လိုပါသည်။ သမိုင်းအဆက်ဆက် ရေကြည်ရာ မြက်နုရာရှာရင်း အခြေချ နေထိုင်မှုများ ရွှေ့ပြောင်းခဲ့ကြရပြီးနောက် ရောက်ရှိရာအရပ်၌ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ နေထိုင်တတ်ရန်လည်း အရေးကြီးပါသည်။

ထို့ကြောင့် ရိုဟင်ဂျာဟူသည့် အမည်ကို အတင်းအဓမ္မ တင်သွင်းနေမည့်အစား မိမိတို့၏ မျိုးရိုးကို အမှန်အတိုင်း လက်ခံလျက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ နေထိုင်ရေးသည်သာ ပို၍အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ