Related Posts Plugin for WordPress, Blogger...

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား OK MOBILE  PHONE ဆိုင် ရှေ့တွင် ကားတစ်စီးက ဆိုင်ကယ်သမားအား သေနတ်ဖြင့်ပစ်ခတ်မှု ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားသည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ သေနတ်ဖြင့်ပစ်မည့်သူများသည် ညနေ ၆ နာရီခန့်က ဆိုင်ကယ်များဖြင့် ကြိုတင်ရောက်နှင့်နေပြီး မတ်တူးကားတစ်စီးက သေနတ်ဖြင့် စတင်ပစ်ခတ်ရာ ဆိုင်ကယ်သမား သုံးဦးကလည်း ပြန်ပစ်ခတ်၍ ကားဘီးမှန်သွားကြောင်းနှင့် ထိုကားနောက်သို့ ဆိုင်ကယ်သမားများ လိုက် သွားကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ အမှတ်(၁) ရဲစခန်းမှ လာရောက်စစ်ဆေးရာ ကျည်ခွံနှစ်ခု သိမ်းဆည်းရမိကြောင်း သိရသည်။ အမှတ် (၁) ရဲစခန်းမှ တာဝန်မှူး ရဲအုပ်မင်းစည်သူအား မဇ္ဈိမကမေးရာ “ပစ်ခတ်မှုဖြစ်ပွားတာ ဟုတ် ပါတယ်။ ကျည်ခွံတွေကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စစ်ဆေးဖို့ ယူသွားပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး”ဟု ဖြေကြားသည်။
ထိုသို့ လူစည်ကားရာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ