Related Posts Plugin for WordPress, Blogger...

ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာနယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် အဲဒီ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ခံဖို့ မဖြစ်နိုင်သေးဘူးလို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ကို အရင်က တရားဝင်ဆွေးနွေးပွဲတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အကျေအလည် ဆွေးနွေးတင်ပြတာမျိုးတွေတော့ မရှိဘူး၊ သို့သော် ကျနော်တို့က ဒီလိုလုပ်ငန်းကိစ္စတွေ ဆောင်ရွက်စရာရှိတယ်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကတော့ အာဏာပိုင်တွေဘက်ကတော့ ပြောတာတွေရှိပါတယ်၊ ဒါပေမဲ့ ကနေ့အထိ ကျနော်တို့ကို တရားဝင်ကမ်းလှမ်းပြီး လုပ်ဆောင်ဖို့အတွက် ဆောင်ရွက်တာမျိုးတွေ ချဉ်းကပ်မှုမျိုးတွေတော့ မရှိဘူး"

ထိုင်း-မြန်မာနယ်စပ်မှာ ကရင်နီစစ်ပြေးဒုက္ခသည်စခန်း ၅ ခုလောက်ရှိပြီး ဒုက္ခသည်အရေအတွက် သုံးသောင်းဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း သွားလာရေးခက်ခဲ့တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သန်းခေါင်စာရင်း ကြိုတင်ကောက်ခံခဲ့ပြီး ဒီကနေ့မှာတော့ လွိုင်ကော်၊ ဒီမောဆိုးနဲ့ ဖရူဆိုမြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။

RFA Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ