Related Posts Plugin for WordPress, Blogger...


Love Arakan's photo.
Love Arakan's photo.
လင်းသူ>>>oppositeyes
စစ်တွေမှာ ရုတ်ရုတ်ဖြစ်တိုင်း ပြဿနာရဲ့ ရင်းမြစ်ကိုလိုက်ခဲ့ရဖူးတယ်..။
အဲ့ဒီမှာ ဘာသွားတွေ့ရသလဲ ဆိုတော့ ပြဿနာမဖြစ်ဖြစ်အောင်ရယ် ၊ နည်းနည်းအစပျိုးပီဆိုတာနဲ့
ဘယ်က ရောက်လာမှန်း ပေါက်လာမှန်း မသိရပဲအစပြုနေတဲ့ ပြဿနာကို မကြီး ကြီးထွားအောင် လှုံ့ဆော်တဲ့အဖွဲ့တစ်ဖွဲ့ရှိနေတာကို Source လေးတွေ ချိတ်ဆက်ကြည့်မိရင်းနဲ့ ပုံစံခပ်ရေးရေးပေါ်လာတာ သွားတွေ့ရမိတယ်..။
ပုံစံပေါ်လာတယ်ဆိုပေမယ့်.. ကိုယ်တွေလည်း ခန့်မှန်းအဆင့်ဆိုတော့ ခိုင်ခိုင်မာမာကြီး အတည်မပြုရဲလို့ ထင်မြင်ချက်ပေးဖို့ မလွယ်ဘူး..။ အခုဖြစ်တဲ့ ပြဿနာမှာလည်း အဲ့ဒီအဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန် အတိုင်း ပုံစံတူတာလေးသတိထားမိတယ်..။
ပီးခဲ့တဲ့ ၂၀၁၃ မှာတုန်းက စစ်တွေမှာ အလားတူနိုင်ငံခြားသားနဲ့ ပါတ်သက်လို့ ပြဿနာလေး နဲနဲ
ဖြစ်သွားတယ်..။ ဖြစ်စဉ်က ဒီလို.......
တိုးဗီဇာ နဲ့ လာလည်တဲ့ နိုင်ငံခြားသား တစ်ယောက်ကသတင်းထောက်မဟုတ် ဘာမဟုတ်ပဲ စစ်တွေ အောင်မင်္ဂလာမှာရှိတဲ့ ကုလားမီးလောင်ပြင်ကို ခပ်တည်တည် ဓါတ်ပုံရိုက်နေတာကို ကပ်ရက် ရခိုင်အိမ်တွေက မြင်တော့ ရခိုင်တချို့ကချက်ချင်း အဲ့နိုင်ငံခြားသားကို ဖမ်း၊ သူ့ ကို ဘယ်ကလာသလဲ
ဘာအလုပ်အကိုင်လည်း မေးမြန်းပီး ဂျာနယ်လစ် မဟုတ်မှန်းလည်းသိရော.. ကင်မရာပါ သိမ်း ၊ လူကို အမှတ် ၁ ရဲစခန်း ကိုအပ်လိုက်တယ်..။ ရဲစခန်းကလည်း တရားလို အမှုဖွင့် ၊ ပြည်နယ်အစိုးရ တင်ပြ ၊ အဲ့ဒီ နိုင်ငံခြားသားကို ဗီဇာပိတ်ပီး ချက်ချင်းသူ့နိုင်ငံပြန်လွှတ် ၊ မြန်မာနိုင်ငံလာခွင့်ပါ တပါတည်း ပိတ်လိုက်တယ် ။ဘာပြဿနာ ရုတ်ရုတ်မှ မဖြစ်လိုက်ဘူး..။
အခုဖြစ်သွားတာက.. ကိုယ့်လူမျိုးတွေရဲ့ သွေးဆူလွယ်မှုကိုအသုံးချသွားတာ..။ အဲ့ဒီ အဖွဲ့အစည်းနဲ့ ပါတ်သက်လို့ကွင်းဆက်ကလေးတွေ ဆက်စပ်ကြည့်လိုက်တော့..ရခိုင်ကွန်ယက် အဖွဲ့ကလည်း မဟုတ်ဘူး
ရဟန်းပျို သမဂ္ဂ ကလည်း မဟုတ်ဘူးအစိုးရ အဖွဲ့အစည်းလည်း မဟုတ်ဘူးကုလားလည်း မဟုတ်ဘူး
စစ်တွေ မြို့ခံရပ်မိရပ်ဖထဲကလည်း မဟုတ်ဘူး..ရခိုင်ပါတီ ကလည်း မဟုတ်ဘူး..ဒါပေမယ့်.. INGO အဖွဲ့တော်တော်များများနဲ့တော့နောက်ကွယ်က လူမသိထားတဲ့အဆက်အသွယ်ရှိပါတယ်.။အနောက်
အုပ်စုက ထောက်ပံ့တယ်လို့လည်း သိုးသိုးသန့်သန့်လေးကြားထားမိတယ်..။ အဲ့ အဖွဲ့မှာ ရခိုင်ပြည်နယ်က
အထင်ကရ ပုဂ္ဂိုလ် တစ်ဦးပါဝင်တယ်ဆိုတာ သုံးသပ်ချက်တွေလည်း ရှိထားပါတယ်..။
အခု ဖြစ်သွားတဲ့ ပြဿနာမှာ လုပ်နည်းလုပ်ဟန်လမ်းကြောင်းကနေ လွဲသွားအောင် အရင်ဆွ ပေးပီးမှ လုပ်သွားတဲ့ နည်းလမ်းပဲ..။ နောက်ဆုံးဖြစ်သွားတဲ့ ရလဒ်ကို ကြည့်ကြည့်ပါ.။ အရင်ည ၁၂ နာရီကျော် မထွက်ရ က နေ ည ၆ ၊ မနက် ၆ ဖြစ်သွားခဲ့ပါပီ..။ ဘုမသိ ဘမသိ အရိုးခံ ရခိုင်သားတချို့ အဖမ်းခံလိုက်
ရပါပီ..။ လုံ / ထိန်း ရဲတစ်ဦး ရဲ့ ပေါ့ဆစွာ လုပ်ဆောင်မှုကြောင့်ရခိုင် ခလေးငယ်တစ်ဦး သေဆုံးခဲ့ရပါပီ..။ ရခိုင်ပြည်နယ်ငြိမ်းချမ်းဖို့ အလိုလားဆုံးက ရိုးသားတဲ့ ရခိုင်သားတွေ ထိပ်ဆုံးမှာရှိပါတယ်..။ ရခိုင်သားတွေရဲ့ NGO တွေ အပေါ် မုန်းတီးမှုကိုအခွင့်အကောင်းယူပီး တစ်ချက်ခုတ် အများကြီးပြတ် ဖြစ်စေခဲ့တဲ့၎င်း အဖွဲ့အစည်း ရဲ့ Mission အောင်မြင်တယ်လို့ ဆိုရမှာပေါ့..။
အဆုံးသတ်အနေနဲ့.. ရခိုင်သားတို့ အများအမြင်မှာလူရိုင်းကြီးတွေ ဖြစ်..၊ ကိုယ့် ပြည်နယ်ထဲမှာ ကိုယ် လွတ်လွတ်လပ်လပ် အချိန်မရွေး သွားလာခွင့်တွေပါပိတ် ၊ အမြဲတစေကျီးလန့်စာစား အခြေအနေတွေ ဖြစ် နဲ့ ရှုံးပီးရင်း ရှုံးလာနေကြပါပီ..။ အစိုးရ ဆိုတာကတော့ တည်မြဲ ဥပဒေတွေ အတိုင်းပဲဆောင်ရွက်ကြပါလိမ့် မယ်..။ ဒါကိုမှ ဆန္ဒကို ရှေ့တန်းတင်ပီးဆင်ကန်းတောတိုး လုပ်မယ်ဆိုရင် ကိုယ်ခံရဖို့က ဦးဆုံးဆိုတာ
သိစေချင်တယ်..။
ဆရာတော် ဦးဥတ္တမ ဟာ နယ်ချဲ့ ကို ဆင်ခြင်တုံတရားနဲ့တော်လှန်ခဲ့တာပါ..။ အဓိက ရန်သူဆိုတာ ကိုယ့်ဘေးနားမှာအမြဲတစေ ပူးကပ်နေပါတယ်..။ ငါ့ လူမျိုးမလို့ အကြွင်းမဲ့ယုံကြည်လိုက်မယ်ဆိုရင် သူ ကောင်းစားဖို့ ကိုယ့်ဘ၀ပေးဆပ်လိုက်ရတာနဲ့ အတူတူပဲ..။

ခရီးသွား ငှက်ငယ်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ