Related Posts Plugin for WordPress, Blogger...



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။
- The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ