ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဗလ ကျေးရွာ မြောက်ဘက်တွင်
တည်ရှိသော ဘင်္ဂလီရွာရှိ လူအချို့မှ ယမန်နေ့ ညနေက ရုတ်ရုတ်သဲသဲ လုပ်ရာမှ
အောင်ဗလရွာတွင် တာဝန်ယူထားသော ရဲတပ်ဖွဲ့က သေနတ် သုံးချက်ခန့် ခြောက်လှန့်
ပစ်ခဲ့ရသည်ဟု သတင်း ရရှိသည်။
သေနတ် ပစ်ခတ်မူနောက်ပိုင်းတွင် အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်ဟု သိရသည်။
မွတ်ဆလင်ဘက်မှ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းသည်မှာ သူတို့
အနေဖြင့် ဆူပူလို၍ ရုတ်ရုတ်သဲသဲ လုပ်ခြင်း မဟုတ်ကြောင်း၊ ဓါးပြ၀င်တိုက်၍
ရွာသားများ ၀ိုင်းဝန်းလိုက်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း
ပြောကြားသည်ဟု ဆိုသည်။
သို့သော် အောင်ဗလ ကျေးရွာတွင် နောက်ထပ်ရဲအင်အားများကို ထပ်မံဖြည့်တင်းချလိုက်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
(နိရဉ္စရာ-
RFI - Request for Inqulry
1 month ago

0 comments