Related Posts Plugin for WordPress, Blogger...

ပြန်ကြားရေးဒုဝန်ကြီးတာဝန်ထမ်းဆောင်နေသော Facebook နာမည်ကျော် ဦးရဲထွဋ်၏ အမြှောင်မယားငယ် ထားသည့် ကိစ္စမှာ ကြာကြာဖုံးဖိထားနိုင်ခြင်းမရှိပဲ ပုပ်လျှင်ပေါ် ဟုတ်လျှင်ကျော် ဆိုသည့်အတိုင်း ပေါက်ကြားလာခဲ့ပြီဖြစ်သည်။ ဦးရဲထွဋ်တို့ မိသားစုအတွင်းရေးတွင် ပဋိပက္ခများစွာဖြစ်ပေါ်နေကြောင်း ဒုဝန်ကြီး၏ မိသားစုနှင့်နီးစပ်သူ စိန်ပွဲစား ဗိုလ်မှုးကတော်တစ်ဦးက ပြောကြားပါသည်။ နေပြည်တော်ရှိ ဦးရဲထွဋ်သွားနေကျဖြစ်သော ၀န်ကြီးမင်းများ ကျက်စားရာ ဂေါက်ကလပ်တစ်ခုမှ ၀န်ထမ်းမလေး တစ်ဦးဖြစ်သူ မြစ်ကြီးနားမြို့ နေ မမေရီနှင့် လူမှုရေးဖောက်ပြန်မှုများရှိပြီး သူမမှာ ဦးရဲထွဋ် ဂေါက်ကလပ်သို့  လာရောက်အပန်းဖြေသည့် အခေါက်တိုင်း တောက်တိုမယ်ရ လုပ်ပေးနေကြဖြစ်သည်ဟုသိရသည်။ ထို့  နောက်တွင် ဒုဝန်ကြီးက မျက်စိကျခဲ့ပြီး ဂရုတစ်စိုက်ဆင်ယင်ပေးခဲ့ကာ နှစ်ဦးသား ရင်းနှီးကျွမ်းဝင်ခဲ့ကြောင်း ဂေါက်ကလပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ သူမသည်နောက်ပိုင်းတွင် ဦးရဲထွဋ်နှင့် ကားတစ်စီးတည်း အတူတူစီးကာ Private Place များသို့ နှစ်ကိုယ်တူသွားရောက် စိတ်ဖြေကြကြောင်း ပေါက်ကြားသည့် သတင်းများအရ သိရပါသည်။ ဒေါက်တာဆိတ်ဖွားအဖြစ် နာမည်ကျော်ခဲ့သည့် ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်၏ မိသားစု အတွင်းရေးတွင်လည်း သမီးဖြစ်သူ၏ ညပျော်မှုကြောင့် စိတ်ဆင်းရဲစရာများကြုံတွေ့ နေကြပြီး ကလပ်တက်ခြင်း၊ ရေပေါ်ဆီအသိုင်းအ၀ိုင်းများဖြင့် ပါတီပွဲဆင်နွှဲခြင်း၊ ရည်စားများထည်လဲတွဲခြင်းတို့ ကြောင့် ဦးရဲထွဋ်တို့  လင်မယားမှာ တကျတ်ကျတ်ဖြစ်နေရသည်ဟုဆိုသည်။ ဦးရဲထွဋ်သည် ပြန်ကြားရေးတာဝန်ဖြင့် သမ္မတရုံးတွင် အမြဲတစေ အလုပ်ရှုပ်နေရသည့်အတွက် မိသားစုအရေးအချိန်မပေးနိုင်သည့်အတွက် ဇနီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို အမြဲတစေခံနေရကြောင်းနှင့် သမီးဖြစ်သူကို ဆုံးမခြင်းမရှိသည့်အပြင် လက်လွတ်စပယ် အလိုလိုက်မှုကြောင့် ပျက်ဆီးရခြင်းဖြစ်ကြောင်း ပြစ်တင်ခံနေရသည်။ ဗမာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးခဲ့သည့် စစ်တပ်အသိုင်းအ၀ိုင်း ဆွေကြီးမျိုးကြီး မိသားစုကို ပိုင်ဆိုင်ထားသော်လည်း ဒုဝန်ကြီးရဲထွဋ်၏ သမီးဖြစ်သူမှာ ၀မ်ပေါင်ကုမ္ပဏီ၏ မြန်မာပြည်တာဝန်ခံ ဦးအိုက်လောင်၏ သားလတ်ဖြစ်သူနှင့် တွဲခုတ်နေကြပြီး ရန်ကုန်တွင်ပြုလုပ်သည့် ပါတီပွဲတစ်ခုတွင် ရင်းနှီးခဲ့ကြောင်းနှင့် သူငယ်ချင်းများအရှေ့ တွင် ချစ်တင်းနှီးနှောခြင်းများရှိကြောင်း ဒုဝန်ကြီးမိသားစုနှင့် နီးစပ်သူ အထက်ပါ ဗိုလ်မှုးကတော် စိန်ပွဲစားအန်တီကြီးက ပြောပြပါသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ