Related Posts Plugin for WordPress, Blogger...

From : .. the voice

တာဝန်ယူမှု တာဝန်သိမှုရှိသော ဥရောပသမဂ္ဂ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သတိထား ရင်းနှီးမြှုပ်နှံ သင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော အီးယူ-မြန်မာ အလုပ်အဖွဲ့ တွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဝင်လာခဲ့၊ ဘာမှမစိုးရိမ်နဲ့ ၂၀/၅၀ အချိုးအစားပဲ ဖြစ်ဖြစ်၊ ဘယ်ပါတနာပဲ ဖြစ်ဖြစ် ဝင်သာဝင်လာခဲ့ ဆိုတာတော့ ကျွန်မလက်မခံပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အားပေးသူတွေ အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုံးဝလျစ်လျူရှု ထားပါက လက်တွေ့ မဆန်ကြောင်း၊ သူ့အနေနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ဒဲ့ဒိုးပြောရမည် ဆိုပါက ဦးစိုးသိန်း၏ မနက်ပိုင်း မိန့်ခွန်းတွင် ဖွဲ့စည်းပုံ ကိစ္စကို တစ်ကြိမ်မျှပင် ပြောဆိုခြင်း မရှိကြောင်း ၎င်းက ထောက်ပြသည်။


“နိုင်ငံရဲ့ အရေးကြီးဆုံး ကိစ္စကို မရှောင်လွှဲပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


ယခုကဲ့သို့ ပြောဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူများကို အားမပေးခြင်း မဟုတ်ဘဲ မှန်မှန်ကန်ကန် တာဝန်ယူမှု ရှိသော လမ်းကြောင်းအတိုင်း ရင်းနှီးမြှုပ်နှံရန် အားပေးလိုခြင်းသာ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ လိုသူများ အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို သတိထားသင့်ကြောင်း ၎င်းကပြောကြားသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကမူ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အရေးကြီးသည်ကို ၎င်း၏ အဖွင့်မိန့်ခွန်းတွင်ပင် ပြောကြားထားကြောင်း၊ ယင်းအတွက် အချိန်ပို ထပ်မခံနိုင်ကြောင်း၊ ပြည်သူလူထု ပိုမိုကောင်းစားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်သာ ရှိကြောင်း ၎င်းက ချေပသည်။ 


“ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ဆိုတာ ခင်ဗျားတို့ (အီးယူ လုပ်ငန်းရှင်များ) တွေအပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်သွားခြင်း ရှိနိုင်ပါသလားဟု The Voice ၏ မေးမြန်းချက်ကို ဥရောပသမဂ္ဂ စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခုကဲ့သို့ တွေ့ဆုံ ရခြင်းကြောင့် စီးပွားရေးတွင် အလားအလာကောင်းများ ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး အရာရှိ မစ္စစ်ကက်သရင်း အက်ရှတန်ကမူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော၊ အထူးသဖြင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တွဲဖက် လုပ်ဆောင်လိုသော စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ဆောင် လာကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လိုသူများ အနေနှင့် သတိထား သင့်ကြောင်းကို ထိုင်းနိုင်ငံတွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ် တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားဖူးပြီး နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က ယင်းကဲ့သို့ ပြောဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူများကို တွန့်ဆုတ် သွားစေနိုင်ကြောင်း ထိုစဉ်က ဝေဖန်ခဲ့သည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ