Related Posts Plugin for WordPress, Blogger...


ဒီနေ့ ထုတ် 7 Days သတင်းစာ ဖတ်လိုက်ရတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
သတင်းစာဆရာကြီး ဂါဒီယန် ဦးစိန်ဝင်းရေးခဲ့တဲ့ “သတင်းကို သတင်းလိုရေးပါ” ဆိုတဲ့ စာကြောင်းလေးကို ဖျတ်ခနဲ သတိရမိတယ်။ သတင်းပါ ဖြစ်စဉ် အကြောင်းအရာကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနားမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေး အဖွဲ့က ပစ်ခတ်လိုက်တဲ့ သတင်းပါ ။ ဒီအကြောင်းအရာ ဟာ ကိုယ်နဲ့ သိပ်ပြီး ပါတ်သတ် လှတယ်တော့ မဟုတ်ပေမယ့် မီဒီယာက မီဒီယာ အလုပ် မလုပ်တော့ အဖြစ်မှန် သိနေတဲ့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါတယ်။
၇-၁၁-၂၀၁၃ ရက်နေ့ မနက် ၀၀-၄၅ မိနစ် အချိန်မှာ အရပ်သားပွဲစား (၄) ယောက် ဖြစ်တဲ့ ကိုကျော်ဝေထက် ၊ ကိုမျိုးညီညီထွေး ၊ ကိုစိုင်းဝေဖြိုး ၊ ကိုကျော်ညီထက် နဲ့  ဒုလက်ထောက်ညွှန်မှူး ဦးသိန်းဇော်ထွန်းအပါအ၀င် အားလုံးပေါင်း ၅ ယောက်က  မူဆယ်ဘက်မှာ အရက်သောက် စား မူးယစ်ပြီး ပြန်လာကြပါတယ်။ အဲ့ဒီအချိန် မူဆယ်၁၀၅ မိုင်ဂိတ်နှင့် မနီးမဝေးမှာ တပ်မတော် မှ လုံခြုံရေးအတွက် တာဝန် ကျနေတဲ့ ရဲဘော် ၅ ယောက်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်ဂိတ် တွေ မှာ မူးယစ်ဆေးဝါး တွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းတွေ အရ တပ်ဘက်မှ ပူတွဲတာဝန်ထမ်းဆောင်ဖို့ အတွက်       တပ်မတော်သား ၅ ဦးက အမြဲတမ်း လုံခြုံရေးတာဝန်ယူပေးရပါတယ်။ 
အရက်သောက်ပြီးပြန်လာတဲ့ ကို ကျော်ဝေထက်တို့ အုပ်စု ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေကို ကားနဲ့ ၀င်တိုက်ပြီး မောင်းပြေးခဲ့ပါတယ် ။အဲ့အချိန်မှာ ကျန်တဲ့ ရဲဘော် (၂)ယောက် က ကားကို ရပ်ဖို့ ပြောနေတာတောင် မရပ်ပဲ နဲ့ ကိုကျော်ဝေထက်တို့ အုပ်စုက မောင်းပြေးခဲ့လို့အခုလို ပစ်ခတ် မှုတွေ ဖြစ်ကုန်တာပါ။ ၀င်တိုက်ခံလိုက်ရတဲ့  ရဲဘော် (၃) ဦး ဟာ အခု အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။(ရဲဘော် ၁ ယောက်ဆိုရင် ခြေသလုံး အရိုးထက်ပိုင်း ကျိုးပြီး ငေါ့ထွက် နေ တဲ့ အဆင့်ထိရောက်ပြီး အခြေအနေတော်တော်ဆိုးပါတယ်)။ 
 မောင်းပြေးတဲ့ (၅)ယောက်မှာ ယာဉ်မောင်းက ကိုစိုင်းဝေဖြိုးပါ။သေဆုံးသွားတဲ့ တစ်ဦးကတော့ ကိုကျော်ဝေထက်ပါ။ လုံခြုံရေးတာဝန်အရ ကင်းစောင့်နေသော ရဲဘော်များအားဝင်တိုက်ကာ ထွက်ပြေးသွားသည့်အတွက် ရပ်တန့်ရန်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိခဲ့သဖြင့်  ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  
ဒါကြောင့် ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ စာဖတ်သူများအားလုံး သိလောက်ပါပြီ။အစကတည်းက သတင်းစာတွေက အဂတိ ကင်းကင်း ၊ ဘက်လိုက်မှု ကင်းကင်းနဲ့  သတင်းကို သတင်းလိုရေးရင် ဖြစ်စဉ်က ရှင်းပါတယ်။ဒါကြောင့် သတင်းဂျာနယ်တွေ ရေးတိုင်းလည်းချင့်ချိန်ယုံကြပါလို့ပဲ အကြံပေးချင်ပါတယ်။

ဝန်ထမ်းတစ်ဦး

Posted by Arakan Man on 11/09/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ