Related Posts Plugin for WordPress, Blogger...

Photo:
From : ..eleven

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပလောင် လွတ်မြောက်ရေး တပ်ဦး/တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)တို့ နိုဝင်ဘာ လလယ်တွင် ပြည်တွင်း၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ Technical Team မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ Technical Team နှင့် TNLA အဖွဲ့တို့သည် အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်း ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရနှင့် TNLA အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ Technical Team မှ တာဝန်ရှိသူက ''လောလောဆယ် အကြမ်းဖျင်းက နိုဝင်ဘာလ ဒုတိယအပတ် သို့မဟုတ် တတိယအပတ် လောက်မှာတွေ့ဖို့ ညှိနှိုင်းလို့ ရပါတယ်။ ပြည်တွင်းမှာပဲ လုပ်သွားမယ်။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ရောက်ဖို့အတွက် အပစ်အခတ်ရပ်စဲမှုနဲ့ လက်မှတ်ရေးဖို့ အတွက် ကျွန်တော်တို့ဘက်က ရည်ရွယ်ပါတယ်။ ဦးအောင်မင်းနဲ့ ရွှေလီမှာ သူတို့ဥက္ကဋ္ဌနဲ့ အလွတ်သဘော တွေ့ခဲ့တယ်။ ဒီကြားထဲမှာ နီးရင် Technical Team တွေထပ်တွေ့ဖို့ ရှိပါသေးတယ်'' ဟု ပြောကြားသည်။

အစိုးရ တပ်မတော်နှင့် PSLF/TNLA တပ်များအကြား ယခုနှစ် ဇွန်နှင့်ဇူလိုင်လများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဇူလိုင် ၃၁ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆောင်ရွက်လျက် ရှိသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အနေဖြင့် လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားပြီး KIO ၊ PSLF/TNLA အဖွဲ့တို့နှင့် ဆက်လက် ဆွေးနွေးနေဆဲပင် ဖြစ်ပြီး အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PSLF/TNLA တို့အကြား အပစ်အခတ် ရပ်စဲရန် ပြင်ဆင်ပြီးပါက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်စမ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု MPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

(TNLA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဇူလိုင် ၃၁ ရက်က မူဆယ်မြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-စိုးထက်ခိုင်))




.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ