Related Posts Plugin for WordPress, Blogger...

From : .. eleven

 

 တတိယမြောက် ဥရောပခရီးစဉ် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်

နိုင်ငံအနှံ့ ဗုံးကွဲ မတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးမှုနည်းပါးကာ ပြည်သူများ အထိတ်တလန့်ဖြစ်နေချိန် တွင် အဓိက တာဝန်ရှိသော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဥရောပသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ ငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ဗြိတိန်အပါအ၀င် ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံ ပါဝင်ပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်းကလည်း ပါဝင်ခဲ့သည်။


ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဗြိတိန်၊ နော်ဝေ၊ အိုင်ယာလန် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ဥရောပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် ကျခံခဲ့ရသော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မေ ၂၉ ရက် တွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှ စတင်ကာ ပြည်ပခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဟာဝိုင်ယီကျွန်းသို့ သွားရောက် လည်ပတ်ခြင်း အပါအ၀င် အမေရိကန်နိုင်ငံသို့ နှစ်ကြိမ်၊ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အများအပြားသွားခဲ့ခြင်းအတွက် ဒေါ်လာငွေအများအပြား ကုန်ကျခဲ့သော်လည်း အဆိုပါခရီးစဉ် များကြောင့် မြန်မာ လူထုဘဝ ထူးခြားပြောင်းလဲလာခြင်း မရှိခဲ့ ခြေ။ ထို့ကြောင့် လူထုက ခရီးစဉ်များတွင် ကုန်ကျမည့်ငွေများကို ပြည်သူများသို့ထောက်ပံ့ရန် နှင့် နိုင်ငံခြား မြို့ကြီးများ လျှောက်သွားမည့်အစား လူထုကြား ကျေးရွာများသို့ သွားသင့်ကြောင်း ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ