Related Posts Plugin for WordPress, Blogger...

From : ..YMG


နိုင်ငံ ရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေ အေပီပီ)က ပြည်တွင်းနိုင်ငံရေး အကျဉ်းသားများကို နိုင်ငံတကာ က ထောက်ပံ့သည့်ငွေကြေးများ အား အပြည့်အဝကူညီထောက် ပံ့မှုမရှိဘဲ ယင်းတို့အဖွဲ့နှင့်နီးစပ် သည့် နိုင်ငံရေးအင်အားစုများကို ပိုမိုထောက်ပံ့ကူညီမှုများပြုလုပ် နေကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကူညီထောက်ပံ့မှု များ စောင့်ကြည့်ရေးအဖွဲ့ကထုတ် ဖော်ပြောကြားသည်။

အောက်တိုဘာ ၃ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ခန်း၌ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းများဖြင့် စုဖွဲ့ထားသည့် အထက်ပါ ကူညီထောက်ပံ့ငွေ ကြေးများ စောင့်ကြည့်ရေး အဖွဲ့ မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရဲထွဋ်ခေါင်က ''အေအေပီပီ ကရရှိလာတဲ့ငွေကြေးတွေကို နိုင် ငံရေးအကျဉ်းသားဟောင်းတွေ ကိုထောက်ပံ့ရမယ့်အစား၊ နီးစပ် တဲ့ နိုင်ငံရေးအင်အားစုတွေကို ပိုမိုထောက်ပံ့ပြီး နိုင်ငံရေးအသုံး ချမှုမျိုးတွေလုပ်နေတာကို တွေ့ ရှိရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေကို အသုံးချမှုမခံနိုင်တဲ့အတွက် အခု လိုဖွင့်ချထုတ်ဖော်ပြောခြင်းဖြစ် ပါတယ်''ဟု သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

ယင်းသတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (အေ အေပီပီ)အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ နိုင်ငံရေး အကျဉ်းသားတစ်ဦးအတွက် တစ် နှစ်ထောက်ပံ့ငွေ ၁၈သိန်းနီးပါး ကိုရယူထားသော်လည်း ပြန် လည် ထောက်ပံ့မှုပြုလုပ်ရာတွင် ကျပ် သုံးသိန်းထက်မပိုသည့် ထောက်ပံ့ မှုကိုပြုလုပ်ခဲ့ကြောင်း၊ အေအေ ပီပီက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁ဝဝခန့်ရှိသည့် စာရင်းကို နိုင်ငံတကာကိုတင်ပြ ပြီး ငွေကြေးများရယူခဲ့ကြောင်း၊ ရယူလာသည့် ငွေကြေးများကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသုံးစွဲ မှုမရှိကြောင်း၊ နိုင်ငံတကာကကူ ညီငွေသည် နိုင်ငံရေးအကျဉ်းသား တိုင်းကို ပေးအပ်ခြင်းဖြစ်သော် လည်း အေအေပီပီအဖွဲ့က ၅/ည ပုဒ်မဖြင့်ဖမ်းဆီးခံရသူ များကိုသာ ငွေကြေးထောက် ပံ့နေကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း များအင်အားစုက နိုင်ငံတကာ ထောက်ပံ့ငွေကြေးများကို စာရင်း ဇယားဖြင့်ချပြပေးရန် အေအေ ပီပီကိုတောင်းဆိုရာတွင် ငြင်းပယ် ထားကြောင်း စသည်ဖြင့်သတင်း စာရှင်းလင်းပွဲတွင် နိုင်ငံရေးအင် အားစုများဖွဲ့စည်းထားသည့် အ ထက်ပါအဖွဲ့က ရှင်းလင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ