(အမျိုးသား အကျပ်အတည်းမှသည် အမျိုးသား လွတ်မြောက်ရေးဆီသို့)
=======================================
ပဋိပက္ခ ခပ်ပြင်းပြင်း ထပ်မံပေါ်ပေါက်အောင် လုပ်နေခြင်းလား
*************************************
သံတွဲ ပဋိပက္ခတွင် ပါဝင်ခဲ့ကြသည့် နှစ်ဘက်စလုံးမှလှုပ်ရှားသူများအား ဖမ်းဆီးအရေးယူရမည် ဆိုသည်ကတော့ လုံခြုံရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း နားလည်ကြပါသည် ။
ယခုတော့ ထိုသို့မဟုတ် ။
ဒီနေ့နေ့လည်ထိ အဖမ်းခံရသည့် ရခိုင်တိုင်းရင်းသားက ၃၀ ကျော်သွားပြီ ။
ကုလားဖက်ကတော့ မကြားမိသလောက် ။
အဖမ်းခံရသည့် ရခိုင်များကိုကြည့်ပြန်တော့လည်း အများစုသည် ပဋိပက္ခတွင် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြသူများမဟုတ်ကြ ။ ရခိုင်လူမျိုးတို့၏
သာရေး နာရေး အသင်းများ ၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်း နှင့် အခြားလူမှုအထောက်အကူပြုအဖွဲ့များ၏ ဦးစီးဦးဆောင် လှုပ်ရှားနေကြသူများရာ
ဖြစ်ကြရာ ပဋိပက္ခများတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိကြဘဲ
ကုလားများဖက်ကပေးသော စာရင်းအရသာ အဖမ်းခံခဲ့ကြရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည် ။
တစ်ချို့ ပုဂ္ဂိုလ်များဆိုလျင် ပဋိပက္ခဖြစ်ပွားသည့် ၂၈-၂၉-၃၀ နေ့များက
ရန်ကုန်တွင် လွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ရခိုင်မိသားစုတွေ့ဆုံပွဲသို့
ရောက်ရှိနေကြပြီး သံတွဲသို့ပြန်အရောက် မဆီမဆိုင်အဖမ်းခံကြရကြောင်းနားမလည်နိုင်စွာ ကြားသိရသည် ။
ရခိုင်တို့ မည်မျှဆက်လက်အဖမ်းခံရဦးမည်ကို ကြောက်ကြောက်လန့်လန့်နှင့်
စောင့်မျှော်နေရဆဲ ။
သမ္မတကြီး သံတွဲရောက်ခိုက်ပြောစကားတွင် သူရောက်ချိန်နှင့် အံကိုက်ဖြစ်အောင် ပဋိပက္ခ ဖန်တီးသည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည် ။
ရခိုင်တို့က ပဋိပက္ခဖြစ်အောင်ဖန်တီးရန် မည်သည့်ရည်ရွယ်ချက် ရှိရမည်နည်း ။
မြန်မာ နှင့် ကမ္ဘာတစ်လွှား ဘာသာရေး အဓိကရုန်းဖြစ်အောင် မည်သူတို့
ဖန်တီးနေကြသည်ကို သူငယ်နှပ်စားမှ အစ ဆံဖြူသွားကျိုးထိ မည်သူမဆို အလွယ်တကူ
သိမြင်ထားကြပြီး ဖြစ်ကြသည် ။
ဖန်တီးသူများ၏
စာရင်းပေးပို့မှုကြောင့် ဖန်တီးခံရခိုင်တို့ကိုသာ ယခုလို အထောက်အထားမဲ့
ဆက်လက်ဖမ်းဆီးနေဦးမည်ဆိုလျင် ဒေသခံဋ္ဌာနေရခိုင်တို့၏ နာကျည်းချက်များ ပို၍
တိုးပွားလာရုံသာရှိမည်မလွဲပါ။
သံတွဲကားဂိတ်တွင် သက်ငယ်ရခိုင်အမျိုးသမီးတစ်ဦး ကုလားများ၏မုဒိန်းကျင့်ခံခဲ့ရမှု ၊ သပြုချိုင်တွင် တောင်ယာလုပ်ကိုင်သည့် ရခိုင်အမျိုးသားတစ်ဦး လည်လှီးသတ်ဖြတ်ခံရမှု တို့အပြင်
မူဆလင်တို့၏ အာဏာပိုင်အကာအကွယ်ယူ၍ နိုင်ထက်စီးနင်းဆက်ဆံမှု တို့ကြောင့် ခံပြင်းမျိုသိပ်ထားရမှုများသည်
ယခုလိုရခိုင်တို့တစ်ဘက်သတ် အရေးယူခံနေရခြင်းများကြောင့် ထပ်မံပေါက်ကွဲလာနိုင်ပါကြောင်း ။
( Than Tun Than )
Rakhine News Group
Posted by
Arakan Man
on
10/08/2013
0 comments