Related Posts Plugin for WordPress, Blogger...

အစည်းအဝေးတွင် ပြည်လုံးကျွတ်အပစ်ရပ်ရေးကိစ္စပါဆွေးနွေးမည်

အောက်တိုဘာ ၇ ရက် ၂၀၁၃ ရက်နေ့တွင် ပြန်လည်စတင်သည့် UNFC ၏အစည်းအဝေးတွင် အစိုးရကမ်း လှမ်းထားသည့် ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေးကိစ္စပါ ဆွေးနွေးသွားသည်ဟု တက်ရောက်သူများက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာ ၇ - ၉ ရက်နေ့အထိ သုံးရက်ကြာကျင်းပဆဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အစည်းအဝေးတွင် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပါက  တိုင်းရင်းသားဘက်မှ ဆွေးနွေးကြရမည့်နိုင်ငံရေးမူဘောင်များနှင့် နိုဝင်ဘာအတွင်း အစိုးရဦးဆောင်ကျင်းပ မည့် တစ်ပြည်လုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲကိစ္စရပ်များ ပါဝင်ဆွေးနွေးမည်ဟု ဆိုသည်။
မြောက်ပိုင်းသျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ် စဝ်ပိုင်ဖက “ဆွေးနွေးစရာတွေ အရမ်းများ တယ်၊ နှစ်ပတ်လည်အစည်းအဝေးကော၊ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးကိစ္စလဲ ဆွေးနွေးသွားရမယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး” - ဟု ဆိုသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင် အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့နှင့် အပစ်ရပ်ရေးသဘောတူညီချက်ရယူနိုင်ခြင်းမရှိသေးသည့် တပ်ဖွဲ့  ၅ ဖွဲ့ ပါရှိသည်။
အပစ်ရပ်ထားသည့် တပ်ဖွဲ့ဝင် ၆ ဖွဲ့ မှာ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP ၊ ကရင်အမျိုး သားအစည်းအရုံး KNU ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA  နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့မှာ အပစ်ရပ်ရေးအတွက်ဆွေးနွေးဆဲဖြစ်ပြီး၊ LDU (လားဟူ) ၊ NUPA/ANC  (ရခိုင်) နှင့် WNO – “ဝ” အမျိုးသား အဖွဲ့ချုပ်တို့မှာမူ အစိုးရနှင့် ဆွေးနွေးမှုမရှိသေးပေ။
သျှမ်းသံတော်ဆင့်သတင်း 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ