Related Posts Plugin for WordPress, Blogger...

အိုက်စ်မူးယစ်ဆေးအလေးချိန် ၇ တန် တာချီလိတ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲတွင် အိုက်စ် ice or crystal methamphetamine မူးယစ်ဆေးအမျိုးအစား ၇ တန် ထက်မနည်းဖမ်းရမိကြောင်း နီးစပ်သည့်သတင်းရပ်ကွက်ကပြောသည်။
အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပါလျောင်း - ကျိုင်းလပ်မှ လာသည့် ကားတစ်စီးအား မိုင်းလျဲန်း ရဲတပ်ဖွဲ့ တားစီးစစ်ဆေးရာမှာ အိုက်စ်မူးယစ်ဆေးတုံးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကုန်သည်တဦးက ပြောသည်။
အိုက်စ် (ice or crystal methamphetamine)
အိုက်စ် (ice or crystal methamphetamine)
“ပြီးခဲ့တဲ့ အပတ်ထဲက မြန်မာအာဏာပိုင်တွေက ဖမ်းမိတာ မူးယစ်ဆေးချက်ဖို့ ရေခဲ တုံးလိုဟာမျိုးပေါ့။ အဲဒီအမျိုးအစားက ၁ ကီလို ဘတ် ၅ သိန်းရောင်းတယ်။ ဒေသအတွင်းပြည်သူ့ စစ်တပ်ဖွဲ့တဖွဲ့ရဲ့ ပစ္စည်းတွေ လို့ပြော တာဘဲ။ သယ်ဆောင်လာတဲ့ လူ ၃ ယောက်ကိုလဲ အာဏာပိုင်တွေဖမ်းထားတယ်။ စိုင်းနွဲ့ စိုင်းဆု နဲ့ စိုင်းဟောင်တဲ့” ဟု တာလေဒေသခံ လုံးနန်ဒီး ကပြောသည်။
အဆိုပါ ဖမ်းဆီးရမှုတွင် အိုက်စ် မူးယစ်ဆေးတုံးမဟုတ်ဘဲ မူးယစ်ဆေးဝါးချက်လုပ်သည့် ဓါတုဆေးရေများ သာ ဖြစ်ကြောင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ သတင်းရပ်ကွက်ကလည်းအတည်ပြုပြောဆိုသည်။
အဆိုပါ သယ်ဆောင်သူ ၃ ဦးမှာ မြန်မာစစ်တပ် ခလရ ၅၇၁ နှင့် ၅၇၂ တို့ထံတွင် ရံပုံငွေထည့်သွင်း နားလည်မှုရယူသဖြင့် ယခင်က လွတ်လွတ်ကင်းကင်း သယ်ယူနိုင်ခဲ့ကြောင်း၊ သို့သော် ယခုတွင် အပေးအ ယူမျှတမှုမရှိသည့်အတွက် သတင်း ပေါက်ကြားကာ မိုင်းလိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် ပြည်သူစစ်တပ်ဖွဲ့ ဝင်လားဟူအမျိုးသားတစ်ဦးက ပြောသည်။
ယခုအခါအဆိုပါဖမ်းဆီးမိသူ ၃ ဦးအား ရဲများက စစ်ဆေးမှုပြုလုပ်နေကြောင်းလည်း တာလေဒေသခံ နန်းနွန်းက ပြောသည်။
သျှမ်းသံတော်ဆင့်သတင်း 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ