Related Posts Plugin for WordPress, Blogger...



မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ ငါးနိုင်ငံ အမေရိကန် စစ်ရေးအကူအညီ ဆိုင်းငံ့ထား


မြန်မာနိုင်ငံက ကလေးစစ်သားများမြန်မာနိုင်ငံက ကလေးစစ်သားများ
 
 
 လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံ အပါအ၀င် ၅ နိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေး အထောက်အပံ့တွေ ဆိုင်းငံ့ထားမယ်လို့ ကြာသပတေးနေ့က ကြေညာ လိုက်ပါတယ်။  ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရ၀မ်ဒါ၊ ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ ၅ နိုင်ငံကို အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေ ပိတ်ပင်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

ကလေးစစ်သားစုဆောင်းနေတာကို ရပ်တန်းကရပ်အောင် တွန်းအားပေးတဲ့ အနေနဲ့ အခုလို စစ်ရေး အထောက်အကူတွေ မပေးဘဲ ပိတ်ပင်ရ တာဖြစ်တယ်လို့ အာဖရိကရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Linda Thomas-Greenfield ကပြောပါတယ်။

ကလေးစစ်သားအသုံးပြုနေကြတဲ့ တချို့နိုင်ငံတွေကိုတော့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အခြေအနေအရ ကင်းလွတ်ခွင့်ပေးထားရ တယ်လို့ အမည်မဖေါ်လိုသူတာဝန်ရှိသူ တယောက်က ပြောပါတယ်။ Chad, တောင်ဆူဒန်နဲ့ ယီမင်နိုင်ငံတွေကို ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်လူကုန်ကူးမှုအစီရင်ခံစာကိုအခြေခံပြီး ကလေးစစ်သား အသုံးပြုမှုကို ဆန်းစစ်တာဖြစ်ပါတယ်။ ဇွန်လက အစီရင်ခံစာအရ ၁၀ နိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေတယ်လို့ဆိုပါတယ်။  စစ်ရေးအထောက်အပံ့ပိတ်ပင်မှု ကင်းလွတ်ခွင့်ကို အိမ်ဖြူတော်က သာ ခွင့်ပြုရတာဖြစ်ပါတယ်။
ဗွီအိုအေ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ