Related Posts Plugin for WordPress, Blogger...

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့၏ တစ်ပါတီ ဖြစ်မြှောက်ရေး ပေါင်းစည်းရေး နောက်ဆုံး အဆင့် အစည်းအဝေးကို မနက်ဖြန် ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ရာ နှစ်ဘက်ပါတီ ဥက္ကဌများ တက်ရောက်ပြီး ဆွေးနွေးသွားမည် သတင်း ရရှိသည်။ 
 ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်မည် ဖြစ်ပြီး နှစ်ဘက်ပါတီ ဥက္ကဌများက ကိုယ်စားလှယ်များကို ဦးဆောင် သွားမည်ဟု RNDP မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။ “ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ် ၁၅ ကိုတော့ ဥက္ကဌ ဒေါက်တာ အေးမောင်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ တစ်ဘက်ပါတီ ALD က ကိုယ်စားလှယ် ၁၅ ဦးကိုတော့ ဥက္ကဌ ဦးအေးသာအောင်က ဦးဆောင်မှာ ဖြစ်ပါတယ်။ အစည်းအဝေးကတော့ မနက်ဖြန် ၁၀ နာရီမှာ စတင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ၎င်းအစည်းအဝေးးအား ရန်ကုန်မြို့ ပြည်လမ်း၊ ၇မိုင်ရှိ စားသောက်ဆိုင် တစ်ခုတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အဟန့်အတား ရှိပါသလားဟု နိရဉ္စရာက မေးမြန်းရာ ဦးစံကျော်လှက ယခုလို ဖြေကြားသည်။ 
“ ပါတီ နှစ်ခုအကြားမှာ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ပြဿနာ ဘာမှ မရှိပါ။ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေက ပေါင်းစည်းရေးကို လိုလားသလို ပါတီဝင်တွေကလည်း လိုလားကြတဲ့ အတွက် တစ်စုံတစ်ရာ အနှောင့်အယှက် အဟန့်အတား မရှိပါ။ ချောချောချူချူနဲ့ ပေါင်းစည်းရေးက ဖြစ်မြှောက်သွားမှာပါ” ဟု ဆိုသည်။ 
၎င်းအပြင် သူက ယခု လက်ရှိ ရခိုင်ပြည်၏ အခြေအနေကို လူတိုင်းသိပါကြောင်း၊ ယခု အခြေအနေသည် ယခင်က အခြေ အနေနှင့် မတူပါကြောင်း၊ အမျိုးသား ညီညွတ်ရေးသည် မည်မျှထိ အရေးကြီးကြောင်းကို ရခိုင်သားတိုင်း သဘောပေါက်လျှက် ရှိကြပါကြောင်း၊ သို့အတွက် ပါတီ နှစ်ခု ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ပြောရလျှင် ပေါင်းစည်းဖြစ်မည်မှာ သေချာကြောင်း၊ ပေါင်းစည်းပြီးလျှင်လည်း ပါတီမှာ နောက်ကြောင်း ပြန်လှည့်စရာ မရှိဘဲ တိုးတက် လာမည် ဖြစ်ကြောင်း၊ မိမိတို့ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ရေး အတွက် နှစ်ဘက် ခေါင်းဆောင်များက အားကြိုးမာန်တက် ဆောင်ရွက်ရန် သံဓိဌာန်ချထားပါကြောင်း ဦးစံကျော်လှက ပြောသည်။ 
 ရခိုင်ပြည်သူ ရဟန်းရှင်လူ အပေါင်းတို့ မျှော်လင့်နေသော ပေါင်းစည်းရေးမှာ မကြာခင် အောင်မြင်တော့မည် ဖြစ်ပါသဖြင့် ပြည်သူများသို့ လက်ဆောင်စကား ပါးချင်ပါကြောင်း သူက ဆက်လက် ပြောဆိုသည်။ ပေါင်းစည်းရေး အစည်းအဝေးကို စနေနှင့် တနင်္ဂနွေ (၂) ရက် ပြုလုပ်သွားမည်ဟု သိရသည်။ 
From narinjara

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ