Related Posts Plugin for WordPress, Blogger...

အာဖရိကလှေစီးပြေး အလောင်းတွေ အီတလီကမ်းခြေမှာ ထပ်မံတွေ့ရှိ

ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။(အောက်တိုဘာ ၄၊ ၂၀၁၃)ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။
 
အီတလီနိုင်ငံ Lampedusa ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ ကြာသပတေးနေ့က မီးလောင် နစ်မြုပ်သွားတဲ့ လှေပေါ်ပါ အာဖရိက တိုက်သား ရွှေ့ပြောင်း အခြေစိုက်သူတွေထဲက ပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆထားသူ ဒါဇင်ပေါင်းများစွာကို ရှာဖွေနေတာမှာ ရေပြင်က မတည်ငြိမ်ဘဲ အပြောင်းအလဲများနေတာကြောင့် အခက်အခဲတွေ့နေရပါတယ်။

အခုချိန်ထိဆိုရင် သေဆုံးသူ ၁၁၁ ဦးရဲ့အလောင်းတွေကို ရှာတွေ့ထားပြီး ရေအောက် ပေ ၁၃၀ ကျော်မှာ နစ်မြုပ်နေတဲ့ လှေပျက် ထဲကနေ နောက်ထပ် အလောင်းတွေကို ရှာတွေ့ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန့်မှန်းခြေ လူပေါင်း ၅၀၀ ပါလာတဲ့ထဲက ၁၅၅ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ထားပြီးပါပြီ။ အသက်မသေ ကျန်ရစ်သူတွေထဲက တစ်ယောက်က လွဲပြီး အားလုံးဟာ အီရီထရီးယားနိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့လူတွေက တူနီးရှားနိုင်ငံသား တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ကို တရားဝင် သတ်မှတ်ထားပါတယ်။ အီတလီနိုင်ငံ၊ Assisi မြို့မှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က ဒီကနေ့ သောကြာနေ့ကို “မျက်ရည်များ၏ တစ်နေ့တာ” ဆိုပြီးတော့ သတ်မှတ် ကြေညာပါတယ်။ 
ဗွီအိုအေ

Posted by Anonymous on 10/05/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ