Related Posts Plugin for WordPress, Blogger...

From : ..eleven


ရန်ကုန်နှင့် မန္တလေးမြို့များအပြင် အိမ်ရာလိုအပ်ချက် မြင့်တက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌လည်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိကာလ၌ အိမ်ရာလိုအပ်ချက် မြင့်တက်နေသည့် ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်တော်သာ ခေတ်အိမ်ရာ စီမံကိန်းများကိုလည်း အဆင့်မြှင့် တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ အိမ်ရာလိုအပ်ချက် မြင့်တက်လာနေသည့် မန္တလေးမြို့၌လည်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။

"အခုချိန်မှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ရန်ကုန်မှာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းရွာဟောင်းမှာ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို စတင်တည်ဆောက်နေပြီ။ ဒဂုံဆိပ်ကမ်းမှာက ဧရာဝဏ်နှင့် ရတနာ Affordable Housing တွေ တည်ဆောက်နေပြီ။ ဒါ့အပြင် မန္တလေးမှာ တန်ဖိုးနည်း အိမ်ရာတစ်ခု တည်ဆောက်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းစီစဉ် နေပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

လှိုင်သာယာ မြို့နယ်အတွင်း တည်ဆောက်နေသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၌ လေးထပ်အဆောက်အအုံ ၃၂ လုံး ပါဝင်ကြောင်း၊ ဧရာဝဏ်နှင့် ရတနာ အထပ်မြင့် အိမ်ရာစီမံကိန်း၌ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံး ပါဝင်ကြောင်း သိရသည်။

"တန်ဖိုးနည်း အိမ်ရာတွေကို တစ်တိုင်းပြည်လုံးမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အစိုးရ အဖွဲ့တွေနဲ့တော့ ညှိနှိုင်းရဦးမှာပါ။ ဌာနအနေနဲ့ကတော့ လိုအပ်တဲ့ urban planning တွေ၊ ဗိသုကာ ဒီဇိုင်းတွေကို ပံ့ပိုးဆောင်ရွက်ပေးမယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက မြေနေရာတွေ စီစဉ်ပေးရမှာပါ။ ဒါတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက်ညှိနှိုင်း ရဦးမယ်။ တန်ဖိုးနည်း အိမ်ရာတွေကိုတော့ မဖြစ်မနေ ဆောက်လုပ်သွားမှာပါ" ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

(ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်အိမ်ရာ စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ))


Photo:

Posted by Arakan Man on 10/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ