Related Posts Plugin for WordPress, Blogger...


၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၏ ရှင်းလင်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျာ ရှေးဦးစွာ  ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်းဆက်သ ဂါရဝ ပြုအပ် ပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများ အားလုံး သိရှိနိုင်  စေရန်အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီးအချို့မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝ တည်ငြိမ် အေးချမ်းရေး  ပျက်ပြားစေရန် ရည်ရွယ်ပြီး မသမာ သူများဟာ အောက်တိုဘာလ အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြည်သူလူထုများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြား စေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှာ ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်းပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းအရေ အတွက် (၁၀) လုံးဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။
ပထမဦးဆုံးဖြစ်စဉ်အနေနဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၁၀၀၀ နာရီချိန် ဖြူးမြို့ ကားဂိတ်မှာ ဇေယျာဟိန်းခရီးသည်တင် ကားပေါ်မှ မသင်္ကာဖွယ်ရာ မိုင်းတစ်လုံးတွေ့ရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်/ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အားလုံးကို ယခု ဖြစ်စဉ်ချပြပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး လုံခြုံရေး ဂရုပြုဆောင်ရွက်ဖို့နဲ့ လှည့်ကင်း ပတ်ကင်းများနဲ့ နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့မ ရဲစခန်းက ဥပဒေနဲ့အညီ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၅ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။
အဲဒီလို ဖြစ်ပွားပြီး တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ၂၀၅၀ နာရီချိန် တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ချက်အရ မသင်္ကာတရားခံ စောထွန်းထွန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဝတ္တုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ
အောင်ဆန်းလင်း(ခ) ဆန်းလင်းကို ဖမ်းဆီးရမိတဲ့အခြေအနေကို တင်ပြသွားမှာဖြစ်ပါတယ်။
အဲဒီသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂၃၀ နာရီအချိန်မှာ လမ်းမတော်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားရုံးမှာ လုပ်ကိုင်နေတဲ့ အောင်ဆန်းလင်း (ခ) ဆန်းလင်းကို အဲဒီ အလုပ်သမားရုံး အပေါ်ထပ်မှာ တွေ့ရှိဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အငှားယာဉ်မောင်း အောင်မင်းဦးကို ဖမ်းဆီးရမိတဲ့ အခြေအနေကို တင်ပြပါမယ်။
ဆက်လက်ဖော်ထုတ်ချက်အရ ၁၄၀၀ ချိန် အငှားယာဉ်မောင်း အောင်မင်းဦးဟာ သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၀၁၀) တွင် နေထိုင်ကြောင်း သိရှိရလို့ သွားရောက်စုံစမ်းရာ ခြံတခါးနှင့် နေအိမ်တံခါးသော့ခတ်ထားပြီး ၁၁၃၀ ချိန်ခန့်မှ စလို့ နေအိမ်အပြင်ထွက်ခွာသွားကြောင်း သိရှိရတဲ့အတွက် ဖြန့်ကြက်ရှာဖွေခဲ့ရာ ၂၀၁၃ ချိန် လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ ပြည့်စုံဝင်း စတိုးဆိုင်ရှေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောင်မင်းဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။
 
.. www.MyanmarExpress.net
 

Posted by Arakan Man on 10/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ