Related Posts Plugin for WordPress, Blogger...

From : .. နိရဉ္စရာ-



fenceကာကွယ်ရေးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းသည် အောက်တိုဘာလ ၉ ရက်နေ့က မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်ရှိ တပ်စခန်းများနှင့် ခြံစည်းရိုးများကို ရဟတ်ယဉ် တစ်စီးဖြင့် လာရောက် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အတူ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်လည်း လိုက်ပါလာပြီး ပလက်ဝမြို့နယ် သရော်အိုင်နှင့် မောင်တောမြို့နယ် တောင်ပြိုဒေသသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး လှမင်းသည် ပလက်ဝ မြို့နယ် သရော်အိုင်တွင် အခြေစိုက်ထားသော ဗျူဟာနှင့် လက်အောက်ခံ တက်ရင်း တပ်ဖွဲ့များမှ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံပြီး နယ်စပ်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

သရော်အိုင် ဗျူဟာမှာ မြန်မာ- အိန္ဒိယ- ဘင်္ဂလာဒေခ်ျ့ သုံးနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသဖြင့် လုံခြုံရေး အရ အရေးပါသည်ဟု သိရသည်။

ယင်းပြင် ဗိုလ်ချုပ်ကြီး လှမင်းသည် ထောက်ပို့ လမ်းကြောင်းများနှင့် ရိက္ခာ ဂိုဒေါင်များကိုလည်း စစ်ဆေး ခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြသည်။

၎င်းနောက်ပိုင်း ဗိုလ်ချုပ်ကြီး လှမင်းသည် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက် ကာရံနေသော ခြံစည်းရိုးကိုလည်း ရဟတ်ယဉ်ဖြင့် လှည့်လည် ကြည့်ရှု့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ် တောင်ပြို မြို့နယ်ခွဲသို့ နေလယ် ၂ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် တောင်ပြိုမြို့ အစည်းအဝေးခန်းမတွင် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒေသခံများနှင့် တစ်နာရီ နီးပါးခန့် တွေ့ဆုံခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ တောင်ပြိုမြိ့နယ်ခွဲတွင် နေရာချပေးခံထားရသည့် တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသူ မြိုအမျိုးသား အိမ်ထောင်စု (၅၃) စုမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး လှမင်းသည် ညနေ ၄ နာရီခန့်တွင် ရဟတ်ယဉ်ဖြင့် တောင်ပြိုမြို့မှ ပြန်လည်ထွက်ခွာသွားပြီး ကျောက်ဖြူမြို့တွင် ညအိပ် ရပ်နားကြောင်း သတင်း ရရှိသည်။

ယခု မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်ရှိ တပ်စခန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း လာရောက် စစ်ဆေးခြင်းသည် ၂၀၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်း အပြီး ပထမဆုံး အကြိမ် မြန်မာ တပ်မတော်မှ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆုံး အရာရှိကြီး တစ်ဦး လာရောက် စစ်ဆေးခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ်သည် လောလောဆယ်တွင် တည်ငြိမ်နေသော်လည်း စစ်ရေးအရ သတိထားနေရမည့် အခြေအနေတွင် ရှိနေသဖြင့် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ခုထိ နယ်စပ် တလျှောက်တွင် တိုးချဲ့ချထားပြီး လုံခြုံရေး မြှင့်တင်ထားကြောင်း သတင်း ရရှိသည်။



.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ