Related Posts Plugin for WordPress, Blogger...

From : ..rfa



ဘင်္ဂလားပင်လယ်အော်မှာ ပေါ်ပေါက်နေတဲ့ ဆိုက်ကလုန်း Phailin ဖိုင်လင်းမုန်တိုင်းဟာ ဒီညနေပိုင်းမှာ အိန္ဒိယအရှေ့ပိုင်း သြရိဿကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းရပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နိုင်ပေမယ့် စိုးရိမ်စရာသိပ်မရှိဖူးလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီ မိုင် (၄ဝ)ခန့်ထိလေပြင်းတွေ တိုက်နိုင်ပေမယ့် ဒီရေမြင့်မြင့်မားမားတော့ မတက်နိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။

အိန္ဒိယမိုးလေ၀သဌာနက ဆိုက်ကလုန်း ဖိုင်လင်းဟာ တနာရီမိုင် ၁၃၀ ကနေ ၁၃၅ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် JTWC အမေရိကန် ရေတပ်ရဲ့တိုက်ဖုန်းမုန်တိုင်း သတိပေးရေးဌာနကတော့ ဒီမုန်တိုင်းဟာ တနာရီ ၁၆၇ မိုင်နှုန်းနဲ့ ဝင်ရောက်နိုင်ကြောင်းနဲ့ မုန်တိုင်းဗဟိုချက်မမှာ တစ်နာရီ ၁၉၆ မိုင်နှုန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖိုင်လင်းမုန်တိုင်းဟာ နာဂစ်မုန်တိုင်းထက် အားပြင်းတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။ Category 5 အမြင့်ဆုံး အင်အားအဆင့်နဲ့ အိန္ဒိယကမ်းခြေကို ဖြတ်မှာမို့ အသေအပျောက် အပျက်အစီးတွေ များနိုင်တယ်လို့လည်း ပြောပါတယ်။

အိန္ဒိယအစိုးရက ကမ်းရိုးတန်းဒေသနေ လူထုကို ရွာတွေကထွက်ခွာကြဖို့ မနေ့ကတည်းက အမိန့်ထုတ်ထားပါတယ်။ ဂြိုဟ်တုတိုင်းထွာချက်အရ မုန်တိုင်းကြောင့်ဖြစ်ပေါ်နေတဲ့ တိမ်လိပ်တွေဟာ အိန္ဒိယအရှေ့ကမ်းရိုးတန်းကနေ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းထိ မိုင် ၁ဝဝဝ နီးပါးရှိတာမြင်ရပါတယ်။

အိန္ဒိယသြရိဿပြည်နယ် ခရိုင်ငါးခုက ကျေးရွာ ၂ဝ မှာနေထိုင်တဲ့ လူလေးသောင်းကို အာဏာပိုင်တွေက ထရပ်ကားတွေ ဘတ်စ်ကားတွေနဲ့ အစိုးရကလုပ်ထားတဲ့ မုန်တိုင်းဒဏ်ခံနေရာတွေ၊ ကျောင်းတွေနဲ့ အဆောက်အဦတွေကို ရွှေ့ပြောင်းပေးထားပြီးတဲ့အပြင် မုန်တိုင်းမ၀င်ခင် နောက်ထပ် လူတစ်သိန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

.. www.MyanmarExpress.net

Posted by Arakan Man on 10/13/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ